close

ပီရူးတောင်ပိုင်းတွင် ရွှေတွင်းတစ်ခု ဖျက်ဆီးခံရ

ပီရူးနိုင်ငံတောင်ပိုင်းမှာ သတ္ထုတူးဖော်ရေးလှုပ်ရှားမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုအတွင်း အောက်တိုဘာ ၂၉ ရက်က ရွှေတွင်းစခန်းတခု ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။

အယာကူချိုဒေသက အပူမာယို သတ္ထုတွင်းရဲ့ စခန်းကို သတ္ထုတူးဖော်မှု ဆန့်ကျင်ရေး ဆန္ဒပြသူတွေက ကျူးကျော်ဝင်ရောက်ခဲ့တာပါ။

သတ္ထုတွင်းရဲ့ အခြေခံ အဆောက်အအုံ အစိတ်အပိုင်းတွေ၊ ကားတချို့နဲ့ အုပ်ချုပ်ရေးရုံးတွေ မီးရှို့ ခံခဲ့ရတယ်လို့ သတ္ထုတွင်းရဲ့ မန်နေဂျာချုပ် ဂွေလာမို ရှင်းနိုက ပြောပါတယ်။

ကုမ္ပဏီက သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးတယ်လို့ ဆန္ဒပြသူတွေက စွပ်စွဲထားပါတယ်။

အောက်တိုဘာ ၂၉ ရက်က လူတအုပ်စုဟာ စခန်းထဲဝင်လာပြီး ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ စခန်းကို မီးရှို့ခဲ့တယ်လို့ ပီရူးသတ္ထုတွင်းဝန်ကြီးဌာနက ပြောထားပါတယ်။

ပီရူးဟာ ကြေးနီ၊ ငွေနဲ့ သွပ် သတ္ထုတွေ ကမ္ဘာ့ဒုတိယအကြီးဆုံး ထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပြီး ရွှေသတ္ထု ထွက်ရှိရာ ကမ္ဘာ့ ဆဌမ အကြီးဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up