close

မက္ကဆီကိုတွင် ရေနံပိုက်လိုင်းပေါက်ကွဲ၊ လူအချို့ သေဆုံး ဒဏ်ရာရ

မက္ကဆီကိုနိုင်ငံအလယ်ပိုင်း၊ ပွယ်ဘလာပြည်နယ်ထဲမှာ အစိုးရရေနံလုပ်ငန်း ပယ်ထရိုလယ်ယို့စ် မေဟီကာနို့စ် ပီးမက်စ်ရဲ့ ရေနံပိုက်လိုင်းတခု ပေါက်ကွဲလို့ လူတယောက်ထက် မနည်း သေဆုံးပြီး တခြားလူ အယောက် တဒါဇင်ကျော် ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေက အောက်တိုဘာ ၃၁ ရက်မှာ ပြောပါတယ်။

လောင်စာသူခိုးလို့ သံသယရှိသူတွေက ပိုက်လိုင်းကို ဖောက်ထွင်း ရာက ခုလိုဖြစ်တာလို့ ဆိုပါတယ်။ ဓာတ်ငွေ့ယိုစိမ့်ကြောင်း တပ်လှန့်အပြီး မပေါက်ကွဲခင် စန်ပါဘလို ဆိုချီမယ်ဟွာကံ ရပ်ကွက်က ဒေသခံတွေကို ဘေးကင်းရာ ရွှေ့ပြောင်းခဲ့လို့ လူအသေအပျောက် များမယ့်ဘေးကနေ ကာကွယ်နိုင်ခဲ့ပြီး အိမ်ခြေ ၅၀ လောက်  ရွှေ့ခဲ့ရတယ်လို့ ပြည်နယ်အစိုးရက ပြောပါတယ်။

ညဘက် ပေါက်ကွဲမှုကြောင့် ခုချိန်ထိ လူတယောက် သေဆုံးပြီး တခြားလူ ၁၅ယောက် ဒဏ်ရာ ရခဲ့ကာ ကယ်ဆယ်ရေးလုပ်ငန်းလုပ်သား အယောက် ၁၄၀၀ လောက် လုပ်ကိုင် နေတယ်လို့ သမ္မတ အန်ဒရေ မန်နျူယယ်လိုပဲ့ဇ် အိုဘရဒေါက တွစ်တာလူမှုကွန်ရက် ပေါ်ကနေ ပြောပါတယ်။

ပေါက်ကွဲရာ နေရာရဲ့ အချင်း တစ်ကီလိုမီတာ ပတ်လည်က လူအယောက် ၂၀၀၀ လောက်ကို ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ပြီး မီးတောက်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ဒဏ်ရာရသူ ငါးယောက်က အခြေအနေ အသည်းအသန် ဖြစ်နေတယ်လို့ ပွယ်ဘလာအစိုးရရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အရာရှိတွေက ပြောပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up