close

အန်အယ်လ်ဒီအလံ လက်ဝယ်တွေ့ရှိမှုဖြင့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၏ ယာဉ်မောင်းအပါအဝင် ၃ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ရဲ့ ယာဉ်မောင်း ဇနီးမောင်နှံနဲ့  ယောက်ဖဖြစ်သူတို့ကို အန်အယ်လ်ဒီပါတီအလံ၊ တံဆိပ်တွေနဲ့ လက်ကိုင်စကားပြောစက် လက်ဝယ်ထားရှိတယ်ဆိုပြီး   စစ်ကောင်စီက ဖမ်းဆီးလိုက်ပါတယ်။ 

ယာဉ်မောင်းရဲ့ ဇနီးမမေစိုးထိုက်နဲ့  ယာဉ်မောင်းရဲ့ ယောက်ဖဖြစ်သူ ကိုကျော်စွာဝင်းတို့ကို နိုဝင်ဘာ ၄ ရက်နေ့မှာ စစ်ကောင်စီက အရင်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဆားလင်းကြီးဘက်ကို တိမ်းရှောင်နေတဲ့ ယာဉ်မောင်း ကိုဧနိုင်ဦးထက်အောင်က “ ငါ့ကိစ္စ ငါရှင်းမယ်” ဆိုပြီး နိုဝင်ဘာ ၅ ရက်နေ့မှာ  ရေဦးရဲစခန်းကို လာရောက် အဖမ်းခံခဲ့တာလို့ သူတို့နဲ့ နီးစပ်တဲ့ မိတ်ဆွေတဦးက ပြောပါတယ်။

“ကိုဧနိုင်က စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ရဲ့ ယာဉ်မောင်းဗျ။ လက်ကိုင်စကားပြောစက်တွေကလည်း အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ ရဲတပ်ဖွဲ့က တရား‌ဝင်လာရောက်ပေးထာတဲ့ စက်တွေဖြစ်တယ်။ အန်အယ်လ်ဒီအလံတွေကလည်း ရွေးကောက်ပွဲ စည်းရုံးရေးအပြီး လူကြီးတွေက ပါတီအလံနဲ့ အမှတ်အသားတွေ သူတို့အိမ် မထားရှိရဆိုတဲ့ သတ်မှတ်ချက်ကြောင့် အိမ်ယူလာပြီး သိမ်းထားတာ။”

ဖမ်းဆီးခံရသူ ၃ ဦးကို လက်ရှိ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးသလို ဘာအမှုနဲ့ ဖမ်းဆီးတယ်ဆိုတာလည်း သေသေချာချာ မသိရသေးပါဘူး။  

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကို စစ်အာဏာသိမ်းတဲ့ ဖေဖော်ဖော်ဝါရီ ၁ ရက်နေ့မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာ တစ်ရက်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းပြီး ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ ဒီနောက် ဖေဖော်ဝါရီ ၈ ရက်နေ့မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)က ပြန်လည်ဖမ်းဆီးသွားပါတယ်။

 Photo-စစ်ကောင်စီ Page

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up