ချီလီ၌ သေနတ် ၁၃၀၀၀ ကျော်ကို ဖျက်ဆီး

ချီလီနိုင်ငံမှာ နိုဝင်ဘာ ၁၁ ရက်က ဖမ်းဆီးရမိထားတဲ့ သေနတ်ပေါင်း ၁ သောင်း ၃ ထောင်လောက်ကို ဖျက်ဆီးတဲ့အခမ်းအနား ပြုလုပ်ခဲ့ပြီး သမ္မတ Sebastian Pinera က ဒါဟာ ရာဇ၀တ်မှုတွေကို ထိုးနှက်ချက်တခုဖြစ်တယ်လို့ ပြောဆိုပါတယ်။
လက်နက်တွေ အစုလိုက်အပြုံလိုက် ဖျက်ဆီးတဲ့ပွဲကို သမ္မတ Pinera နဲ့ ချီလီပြည်ထဲရေးဝန်ကြီး Rodrigo Delgado တို့လည်း တခြားအရာရှိတွေနဲ့အတူ တက်ရောက်ခဲ့ပါတယ်။
ဒါဟာ စည်းလုံးညီညွတ်ပြီး စိတ်အားထက်သန်မှုနဲ့အတူ ရာဇ၀တ်မှုတွေ လျော့ပါးကာ တိုင်းပြည်ရဲ့ မိသားစုတွေရဲ့ ဘဝတွေ ငြိမ်းချမ်းသာယာဖို့အတွက်ပဲလို့ Pinera က ပြောပါတယ်။
ချီလီနိုင်ငံဟာ ၁၉၉၀ မှ ၂၀၂၁ ခုနှစ်အတွင်း သေနတ် ၁၈၅,၀၀၀ ကျော်ကို ဖျက်ဆီးခဲ့ပါတယ်။