close

စစ်တပ်က နောက်စေ့ကို သေနတ်ဖြင့်တေ့ပစ်သတ်ခဲ့သည့် ဒီပဲယင်းရွာသားအပါအဝင် ကျဆုံးပြည် သူ ၁၂၆၀ ထိရှိလာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၉ လကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁,၂၆၀ ထိ ရှိလာခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ အေအေပီပီက ကောက် ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၁၀,၁၄၃ ယောက် ဖမ်းဆီးခံခဲ့ရပြီး ၇,၂၅၁ ယောက်ကတော့ လက်ရှိချုပ် နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၈၉ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်က တော့ ၁၉၅၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇီးကုန်း ကျေးရွာမှ ကိုကျော်ဆန်းဦးဟာ နိုဝင်ဘာ ၁၂ ရက်နေ့က စစ်ကြောရေးမှာ ကျဆုံးသွား ခဲ့ကြောင်း သိရှိရပါတယ်။ ကိုကျော်ဆန်းဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ရွာ တော်စစ်ကြောရေးမှာ နှစ်ပတ်နီးပါးကြာ စစ်ဆေးခဲ့ပြီး ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ထုံးဘိုရဲ စခန်းကို ပြန်လည်လွှဲပြောင်းပြီး အမှုဖွင့်ခဲ့တာပါ။ နိုဝင်ဘာ ၁၁ ရက်နေ့မှာတော့ ကိုကျော်ဆန်းဦးကို ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပြီးနောက် စစ်ကြောရေးကို ခေါ်ဆောင်ကာ ထပ်မံစစ်ဆေးရာမှ ကျဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ အောင်စည် မြေကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံရွာသား ဦး သိန်းထိုက်ကို ကျေးရွာတောင်ဘက်ရှိ တောအတွင်း ခေါ်ဆောင်ကာ လက်နောက်ပြန် ကြိုးတုပ်ပြီး နောက်စေ့ကို သေနတ်နဲ့တေ့ကာ ပစ်သတ်ခဲ့ကြောင်း သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေ အေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီး မေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up