ကာဗွန်ဈေးကွက် စည်းမျဉ်းချမှတ်ရန် ကုလရာသီဥတုညီလာခံတွင် သဘောတူ

စကော့တလန်မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ ရာသီဥတု ထိပ်သီးညီလာခံမှာ ညှိနှိုင်းသူတွေက ကာဗွန်စျေးကွက်အတွက် စည်းမျဉ်းတွေချမှတ်ရေး နိုဝင်ဘာ ၁၃ ရက်က သဘောတူလိုက်ပါတယ်။
ဒါကြောင့် ရာသီဥတုပြောင်းလဲမှု ထိန်းချုပ်ရာမှာ ကူညီမယ့် စီမံကိန်းတွေအတွက် အမေရိကန် ဒေါ်လာ ထရီလီယံချီ ရလာမယ့် အလားအလာ ရှိတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
နိုင်ငံပေါင်း ၂၀၀ နီးပါးက လက်ခံခဲ့တဲ့ နောက်ဆုံး သဘောတူညီချက်က ၂၀၁၅ ပါရီ သဘောတူညီချက် အပိုဒ်ခွဲ ၆ ကို အကောင်အထည်ဖော်ဖို့ စည်းမျဉ်းတွေကို သတ်မှတ်ထားပါတယ်။
ဒါဟာ တခြားနိုင်ငံက လျှော့ချထားတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှု ပမာဏကို ကိုယ်စားပြုတဲ့ အမှတ်ကို ဝယ်ပြီး ကိုယ့်နိုင်ငံရဲ့ ရာသီဥတု ဆိုင်ရာ ပစ်မှတ်တွေကို ပြည့်မီအောင် ဆောင်ရွက်ဖို့ ဒီစည်းမျဉ်းတွေက တစိတ်တပိုင်း ခွင့်ပြု ပေးထားမှာပါ။
အစိုးရတွေက ဦးစီးတဲ့ ကာဗွန်စျေးကွက်တွေနဲ့ ပတ်သက်တဲ့ ခိုင်မာတဲ့ သဘောတူညီချက်အတွက် သစ်တောဖုံးလွှမ်းနေတဲ့ နိုင်ငံတွေနဲ့ ကုမ္ပဏီတွေက တွန်းအားပေးခဲ့ပြီးပါပြီ။
ဒါဟာ အမြန်တိုးတက်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ စေတနာ့ဝန်ထမ်း စျေးကွက်ကို တရားဝင်ဖြစ်စေမယ့် မျှော်လင့်ချက်အတွက်လည်း ဖြစ်ပါတယ်။
သဘောတူညီချက်က ကတိုက်ကရိုက် နိုင်မှာကို တချို့က စိုးရိမ်နေတာပါ။
ကာဗွန်အရောင်းအဝယ်နဲ့ ခုနှိမ်တဲ့ နည်းဟာ ရာသီဥတုကို ပူနွေးစေတဲ့ ဓာတ်ငွေ့တွေကို ဆက်ထုတ်လွှတ်ဖို့ နိုင်ငံတွေကို ခွင့်ပြုရာ သိပ်ရောက်သွားမှာကို ဝေဖန်သူတွေက စိုးရိမ် နေကြပါတယ်။