close

ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ နိုင်ငံတကာညီလာခံ NUG ဝန်ကြီး ပါဝင်တက်ရောက်မည်

ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်ရေးဆိုင်ရာ တတိယအကြိမ်မြောက် နိုင်ငံတကာ ညီလာခံမှာ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးကို အာဆီယံ ဝန်ကြီးတွေနဲ့ အတူ ဆွေးနွေးဖို့ ဖိတ်ကြားလိုက်ပါတယ်။ 

ဒါဟာ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိမှတ်ပြုလိုက်တာလို့ ပြောရမှာဖြစ်ပြီး ဒါဟာ သံတမန်ရေးအရ အောင်မြင်မှုတစ်ခုလည်း ဖြစ်တယ်လို့ အဲဒီညီလာခံကို မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်မယ့် NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ဒီဗွီဘီကို ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီကိုတော့ နိုင်ငံတကာညီလာခံတက်ဖို့ ဖိတ်ကြားထားခြင်းရှိ၊ မရှိ အတည်မပြုနိုင်သေးပေမဲ့ အဲဒီညီလာခံမှာ ဆွေးနွေးကြမယ့်သူတွေရဲ့ စာရင်းထဲမှာတော့ အာဏာသိမ်းစစ်ကောင်စီကိုယ်စားလှယ်ကိုတော့ မတွေ့ရပါဘူး။

အဲဒီညီလာခံကို နိုဝင်ဘာ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ အွန်လိုင်းကနေ ကျင်းပမှာ ဖြစ်ပြီး ဗီယက်နမ်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်နဲ့ ဘရူးနိုင်းလ်နိုင်ငံတွေက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဝန်ကြီးတွေနဲ့အတူ  အမျိုးသားညီညွတ်ရေးအစိုးရ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်မှာပါ။ 

အဲဒီညီလာခံမှာ  ဌာနေတိုင်းရင်းသားတွေရဲ့ အုပ်ချုပ်စီမံခွင့် မူဘောင်သာလျှင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို ထိထိရောက်ရောက်အကောင်အထည်ဖော်နိုင်တယ် ဆိုတဲ့အချက်တွေ ဆွေးနွေးဖို့ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်က ပြောပါတယ်။

အဲဒီအပြင် အာဏာရှင်လက်အောက်မှာ မြန်မာနိုင်ငံရဲ့ အဖိုးတန်တဲ့ အမွေအနှစ်တွေမဆုံးရှုံးဖို့နဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ အရပ်သားအစိုးရက စီစဉ်ထားတဲ့အစီမံတွေ အာဏာသိမ်းလိုက်တာကြောင့် ဆုံးရှုံးသွားတဲ့ လူမှုအသိုင်းအဝန်း ကိစ္စတွေလည်း ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ဒီညီလာခံကို ဖိလစ်ပိုင်နိုင်ငံအခြေစိုက် ECCRI လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သုတေသနလုပ်ငန်းကနေ ဦဆောင်ကျင်းပတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up