close

နှလုံးကျန်းမာရေးအတွက် အကောင်းဆုံး အိပ်ရာဝင်ချိန်ဟာ ဘယ်အချိန်လဲ

နှလုံးကျန်းမာရေးအတွက် အကောင်းဆုံးအိပ်ရာဝင်ချိန်ဟာ ည ၁၀ နာရီနဲ့ ၁၁နာရီအတွင်း ဖြစ်တယ်လို့ လေ့လာဆန်းစစ်ချက်အသစ်တွေကို အခြေခံပြီး ဉရောပ နှလုံးရောဂါဂျာနယ်က ထုတ်ပြန်လိုက်ပါတယ်။ 

ဒီလေ့လာချက်ကို လူဉီးရေ ၈၈၀၀ ပါဝင်ခဲ့ပြီး ၂၀၀၆ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ် အတွင်းပြုလုပ်ခဲ့ရာကနေ ၅ နှစ်အကြာမှာ တကျော့ပြန် မွမ်းမံခဲ့တာဖြစ်ပါတယ်။

ဒီစစ်တမ်းအရ ညသန်းခေါင်ကျော်မှအိပ်ရာဝင်လေ့ရှိသူတွေမှာ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတခုခုခံစားရနိုင်ခြေ ၂၅ ရာနှုန်းမြင့်တက်နေတာကို တွေ့ရပါတယ်။ 

ဒီလေ့လာတွေ့ရှိချက်ကို တလွဲမှတ်ယူစရာတွေလဲ ရှိနေနိုင်တယ်လို့ Austin နှလုံးရောဂါဆေးရုံရဲ့ ဆေးဘက်ဆိုင်ရာညွှန်ကြားရေးမှုး ဒေါက်တာ စတိန်လေဝမ်က ပြောပါတယ်။ 

ညဘက် ၁၀ နာရီနဲ့ ၁၁ နာရီကြားမှာ အိပ်ရာဝင်ရုံနဲ့ အလိုလျောက် နှလုံးရောဂါဖြစ်နိုင်ခြေ လျော့ကျသွားတယ်လို့ မဆိုနိုင်ဘူးလို့ သူကဆိုပါတယ်။ ချမ်းသာကြွယ်ဝသူတွေက ည ၁၀ နာရီနဲ့ ၁၁ ကြားအိပ်တတ်ကြလို့ ၁၀ နာရီနဲ့ ၁၁နာရီကြားမှာအိပ်ရင် အလိုလျောက် ချမ်းသာကြွယ်ဝလာမယ်လို့ ဆိုသလို  ဖြစ်နေနိုင်တယ်လို့ ပုံခိုင်းနှိုင်းပြီး ပြောပါတယ်။  

အရေးအကြီးဆုံးကတော့ နေ့စဉ်အိပ်ရာဝင်ချိန် အိပ်ရာထချိန်နဲ့ စားသောက်ချိန်တွေ တသမတ်ထဲရှိနေတာက အကောင်းဆုံးဖြစ်ပြီး အဲဒီအလေ့အကျင့်ကတဆင့် circadian rhythmလို့ ခေါ်တဲ့ ကိုယ်တွင်းပုံမှန်လည်ပတ်ချိန်ဟာ ဘယ်အချိန်အိပ်ဖို့ ဘယ်အချိန်နိုးဖို့ ပြောလာပါလိမ့်မယ်လို့ ဒေါက်တာဝမ်က ပြောပါတယ်။ 

Image: Creative Commons License

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up