ရွေးကောက်ပွဲလုပ်ငန်းများ ဘေးကင်းစေရမည်ဟု ဟွန်ဒူးရပ်စ်စစ်တပ် ကတိပေး

စစ်တပ်ဟာ ဟွန်ဒူးရပ်စ်ရွေးကောက်ပွဲ လုပ်ငန်းစဉ်အတွင်း ဘေးကင်းတာ သေချာအောင် လုပ်ဆောင်သွားမယ်လို့ စစ်တပ်အကြီးအကဲ တီတို လီဗီအို မိုရေနိုက နိုဝင်ဘာ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။
ဟွန်ဒူးရပ်စ်နိုင်ငံမှာ နိုဝင်ဘာ ၂၈ ရက် သမ္မတရွေးကောက်ပွဲ မတိုင်ခင် ဘက်စုံကနေ မရိုးဖြောင့်မှုဆိုင်ရာ ဖြစ်နိုင်ချေ သတိပေးချက်တွေ ပျံ့နှံ့နေပါတယ်။
တကယ်လို့ စိန်ခေါ်သူ ဇီယိုမာရာ ကက်စ်ထရိုသာ ရှင်းရှင်းလင်းလင်း မဲမနိုင်ခဲ့ပါက အငြင်းပွားတာ တွေ၊ မတည်ငြိမ်တာတွေ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။
မတူတဲ့နည်းလမ်းတွေကနေတဆင့် ခြိမ်းခြောက်ဖို့ ကြိုးစားနေတဲ့ လူတွေ အားလုံးကို ပြောချင်တာက ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ကျောထောက်နောက်ခံပေးနေတဲ့ အဖွဲ့အစည်းတွေ ရှိတယ်လို့ စစ်တပ်အကြီးအကဲ တီတိုက ပြောပါတယ်။
တကယ်လို့ ထင်မြင်ချက် စစ်တမ်းမှာ ဦးဆောင်နေတဲ့ ဇီယိုမာရာ ကက်စ်ထရိုသာ အနိုင်ရပါက ခင်ပွန်းဖြစ်သူ သမ္မတဟောင်း မန်နျူယယ် ဇေလာယာ အာဏာသိမ်းခံ ဖြုတ်ချခံရအပြီး ပထမဆုံး အကြိမ် ဟွန်ဒူးရပ်စ်မှာ အာဏာပြန်ရတာ ဖြစ်မှာပါ။
တကယ်လို့ အာဏာရပါတီက ကိုယ်စားလှယ်လောင်း နတ်စ်ရီ အဲ့စ်ဖှူရာသာ အနိုင်ရခဲ့ပါက သူဟာ အကျင့်ပျက် ခြစားမှုတွေ၊ မူးယစ်မှောင်ခိုတွေနဲ့ ပတ်သက်နေတဲ့ စွဲချက်တွေကို တိုက်ဖျက်နေသူ နုတ်ထွက်သမ္မတ ဟွမ် အော်လန်ဒို ဟာနန်ဒက်ဇ်ရဲ့ လူကြိုက်နည်းမှုကို ကျော်လွှားနိုင်မယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။