close

Silent Strike သပိတ်နေ့ ရန်ကုန်တွင် ဈေးများ၊ ဆိုင်များပိတ်ပြီး လမ်းမပေါ်လူ အသွားအလာရှင်းနေ

နိုင်ငံတကာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံတ၀န်း ငြိမ်သက်ခြင်းသပိတ် Silent Strike ဆင်နွှဲကြတဲ့အနေနဲ့ ရန်ကုန်မြို့မှာ  ဈေးတွေနဲ့ ဆိုင်တွေ ပိတ်ထားကြပြီး ပူးပေါင်း ပါဝင်နေကြတာကိုတွေ့ရပါတယ်။

စစ်ကောင်စီဘက်က ခြိမ်းခြောက်မှုတွေ ရှိနေတဲ့ကြားက  နေရာတော်တော်များများမှာ ငြိမ်သက်ခြင်းသပိတ်စတင်တဲ့ မနက် ၁၀ နာရီနဲ့ ၄ နာရီ ကြား မတိုင်ခင် ရုံးသွားချိန်မှာပါ လမ်းမတွေပေါ်မှာ လူသူကင်းရှင်းနေတာ မြင်တွေ့ရပါတယ်။

ရန်ကုန်အခြေစိုက် အမေရိကန် သံရုံးကတော့ ဒီနေ့မှာ ခရီးမသွားကြဖို့၊ အပြင်ထွက် လှုပ်ရှားမှုတွေ မလုပ်ကြဖို့ သူ့နိုင်ငံသားတွေကို တိုက်တွန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up