ဆိုဗီယက်ခွဲထွက်နိုင်ငံ ခေါင်းဆောင်များနှင့် အီးယူခေါင်းဆောင်များ တွေ့ဆုံ

ဥရောပမသမဂ္ဂခေါင်းဆောင်တွေနဲ့ ယခင်ဆိုဗီယက်နိုင်ငံအောက်က ခွဲထွက်လာတဲ့ အာမေနီးယား၊ အာဇရီ၊ ဂျော်ဂျီယာ၊ မော်လ်ဒိုဗန်၊ အာဇာဘိုင်ဂျန်၊ ယူကရိန်းနိုင်ငံတွေက ခေါင်းဆောင်တွေ ဘလ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ 'Eastern Partnership summit’ ကို တရက်တာ ကျင်းပခဲ့ပါတယ်။
လက်ရှိ ရုရှားနဲ့ အနောက်အုပ်စုကြား ယူကရိန်းပြဿနာ တင်းမာနေချိန်မှာ ဥရောပသမဂ္ဂ (EU) က ဆိုဗီယက်ယူနီယံဟောင်းမှာ ပါဝင်ခဲ့တဲ့ အဲဒီ ၆ နိုင်ငံနဲ့ အစည်းအဝေးလုပ်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်က ယူကရိန်းနယ်စပ်မှာ ရုရှားတပ် ၁ သိန်းကျော်တပ်ဖြန့်ချထားတယ်လို့ စွပ်စွဲပြီး ရုရှားဘက်က မိမိကိုယ်ကို ကာကွယ်ဖို့အတွက်လို့ အကြောင်းပြပြီး နှစ်ဖက် တင်းမာနေဆဲပါ။
ဂျော်ဂျီယာ၊ မော်လ်ဒိုဗာ၊ ယူကရိန်း သုံးနိုင်ငံက ရုရှားနဲ့ နယ်မြေအငြင်းပွားမှုတွေ ဖြစ်နေပါတယ်။
အစည်းအဝေးတက်လာတဲ့ ခြောက်နိုင်ငံအနက် ငါးနိုင်ငံက ဥရောပသမဂ္ဂဝင်ဖြစ်လာဖို့ ရှိနေပါတယ်။
အာမေနီးယားနဲ့ အာဇာဘိုင်ဂျန်တို့က အစည်းအဝေးတက်ပေမဲ့ အဖွဲ့ဝင်အဖြစ် လျှောက်ထားမှု မရှိပါဘူး။
လူ့အခွင့်အရေးချိုးဖောက်မှုတွေ များတဲ့ ဘီလာရုဇ်နိုင်ငံကိုတော့ အနောက်နိုင်ငတွေက စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ထားပါတယ်။
အစောပိုင်းမှာ ပြင်သစ်သမ္မတ မာကွန်၊ ဂျာမဏီအဓိပတိ ရှို့ဇ်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီး တို့သုံးဦးက ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ရုရှားကို ဖိအားပေးဖို့နဲ့ ဆွေးနွေးပွဲတွေ ပြန်လုပ်နိုင်ဖို့ ဆွေးနွေးခဲ့ပါတယ်။