close

နိုင်ငံတကာအလိုရှိသည့် မူးယစ်ရာဇာကို စပိန်ရဲ ဖမ်းဆီး

စပိန်ရဲတပ်ဖွဲ့ဟာ တန်ဖိုးကြီးဇိမ်ခံပစ္စည်းတွေကို နှစ်သက်သုံးစွဲတတ်တဲ့ နိုင်ငံတကာအလိုရှိ မူးယစ်ရာဇာ တယောက်ကို ဒီဇင်ဘာ ၁၇ ရက်က ဖမ်းဆီးခဲ့ပါတယ်။ 

၂ နှစ်ကြာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးနောက်မှာ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံရဲတပ်ဖွဲ့တို့ ပူးပေါင်းစစ်ဆင်ရေးမှာ ဘာစီလိုနာက Poble Sec ရပ်ကွက်ရှိ Amellah ရဲ့ တိုက်ခန်းကို အင်္ဂါနေ့က အရုဏ်ဦးစီးနင်းမှု လုပ်ခဲ့ပြီး ဖမ်းဆီးလိုက်တယ်လို့ Guardia အရပ်ဘက်ရဲတပ်ဖွဲ့က ပြောပါတယ်။ 

ကွန်ရက်မှ အခြားလူ ၁၆ ဦးကို ဘာစီလိုနာ၊ Galicia နဲ့ Andalusia တို့မှာ ထိန်းသိမ်းထားပြီး သူတို့ထဲက ၃ ဦးကလွဲလို့ ကျန်တဲ့သူတွေကို အချုပ်ရီမန်နဲ့ ထိန်းသိမ်းထားပါတယ်။ 

Guardia အရပ်ဘက် ဗွီဒီယိုဖိုင်ထဲမှာ လက်နက် အပြည့်အစုံတပ်ဆင်ထားတဲ့ တပ်ဖွဲ့ဝင်တွေဟာ ဘာစီလိုနာက တံခါးတွေကို ချိုးဖျက်ပြီး မြစ်ကမ်းနားရှိ ဇိမ်ခံတိုက်ခန်းတစ်ခန်းကို ရှာဖွေနေတာကို ပြထားပါတယ်။ 

မူးယစ်ရာဇာ မော်ရိုကိုနိုင်ငံသား Fikri Amellah ဟာ ဟာရှိရှ် ခေါ် ဆေးခြောက်ကနေ စိတ်ကြွစွမ်းရည်ရှိတဲ့ အစေးအပျစ်ရည်တွေကနေ ထုတ်ယူထားတဲ့ ဘင်းကို  စပိန်မှာ အကြီးဆုံး လက်ကားရောင်းချသူတဦး ဖြစ်တဲ့အပြင် ကိုကင်းကိုလည်း တန်ချိန်ပေါင်းများစွာ အကြီးအကျယ် တင်သွင်းပြီး စီးပွားဖြစ်နေသူပါ။ 

Amellah ဟာ အခုနှစ်မှာ ဘင်း ၄ ဒသမ ၃ တန်နဲ့ ကိုကင်း ၁ ဒသမ ၈ တန်လောက် သယ်ဆောင်လာခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ 

ဘင်းနဲ့ ကိုကင်းကနေ သူရရှိတဲ့ငွေတွေကိုတော့  ဇိမ်ခံကားတွေ၊ ရွက်လှေတွေနဲ့ တန်ဖိုးကြီး နာရီတွေအတွက် ငွေမိုးရွာသလိုကို သုံးတယ်လို့ ဆိုပါတယ်။ 

Amellah ဟာ ရိုးရိုးတိုက်ခန်းမှာ ရိုးရိုးရှင်းရှင်းဘဝနဲ့သာ နေထိုင်ခဲ့ပေမယ့် ငွေသား ယူရို ၁ သန်း၊ လက်ဝတ်ရတနာ ယူရို ၃ သန်းနဲ့ ဇိမ်ခံကား ၁၀ စီးတို့ကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။

သူ့ရဲ့ Limited Edition နာရီတစ်လုံးဟာ ယူရို ၈ သိန်းအထိ တန်ကြေးရှိပါတယ်။ 

ရဲတပ်ဖွဲ့ဟာ ပင်လယ်တွင်း လူကုန်ကူးမှုဆိုင်ရာ လုပ်ငန်းတွေအကြောင်း အသေးစိတ်အချက် အလက်တွေနဲ့ ကုတ်ဝှက်ထားတဲ့ ဆက်သွယ်ရေးကိရိယာတွေ ပါ၀င်တဲ့ မှတ်စုစာအုပ်နှစ်အုပ်ကို လည်း တွေ့ရှိခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up