close

ရေအောက်မီးတောင် ပေါက်ကွဲမှုကြောင့် တွန်ဂါကျွန်းနိုင်ငံ အဆက်အသွယ်ပြတ်

ရေအောက်မီးတောင်ပေါက်ကွဲလို့ ဆူနာမီလှိုင်းလုံးတွေဒဏ်ကို ခံရတဲ့အပြင် တကျွန်းလုံး ပြာဖုံးနေတဲ့ ပစိဖိတ်သမုဒ္ဒရာထဲက တွန်ဂါကျွန်းနိုင်ငံလေးဟာ ကမ္ဘာကြီးနဲ့ အဆက်ပြတ်နေပါတယ်။

တွန်ဂါက အပျက်အစီးတွေကို စိစစ်ဖို့ ဩစတြေးလျနိုင်ငံလိုပဲ နယူးဇီလန်နိုင်ငံက ဇန်နဝါရီ ၁၇ ရက်မှာ ကင်းထောက် ပျံသန်းရေး ခရီးစဉ်တရပ် စေလွှတ်လိုက်ပါတယ်။

နယူးဇီလန်က Hercules C-130 ရဟတ်ယာဉ်ဟာ လိုအပ်ချက်တွေကို ချင့်ချိန်တွက်ဆပြီးရင် မရှိမဖြစ် ပစ္စည်းတွေကို ရဟတ်ယာဉ်နဲ့ ချပေးမှာဖြစ်ပြီး ရေတပ်ကိုလည်း အင်မတန် မြန်မြန် တပ်ချကူညီပေးမယ်လို့ နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါအာဒန်က အော့ကလန်မြို့တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ရေက ချက်ချင်းလိုနေမှန်း ကျမတို့ သိတယ်။ ဟာကျူလီ ရဟတ်ယာဉ်ဟာ ရေတပ်သင်္ဘောတွေထက် ကျွန်းကို ပိုမြန်မြန်ရောက်နိုင်ပြီး လိုအပ်ချက်တွေကို ပြည့်မီအောင် ပံ့ပိုးဖို့ ဒီနေ့ပဲ ထွက်ခွာပျံသန်းနိုင်ဖို့ မျှော်လင့်ထားတယ်”လို့ အာဒန်က ပြောပါတယ်။

တွန်ဂါနိုင်ငံရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ရေအောက်မီးတောင်တလုံး ဇန်နဝါရီ ၁၅ ရက်မှာ ပေါက်ကွဲခဲ့လို့ တွန်ဂါကမ်းရိုးတန်းကို ဆူနာမီရေလှိုင်းတွေ ရိုက်ခတ်ခဲ့ပြီး ကျွန်းတကျွန်းလုံးမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်ခဲ့ပါတယ်။

ဆက်သွယ်ရေးက ခုထိ အကန့်အသတ်နဲ့သာ ရနေပြီး ကမ်းရိုးတန်းဒေသတွေနဲ့ အဆက်အသွယ် ပြတ်တောက်နေလို့ သေဆုံးဒဏ်ရာရမှု တရားဝင် အစီရင်ခံတာ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up