close

ဂျာမန်ကက်သလစ်ကျောင်းများ၏လိင်မှုကိစ္စ ကိုင်တွယ်ရန် ပုပ်ရဟန်းမင်းကြီးဟောင်း ပျက်ကွက်ခဲ့ဟုဆို

ပုပ်ရဟန်းမင်းကြီးဟောင်း ဘန်နာဒက်ဟာ  ၁၉၇၇ ကနေ ၁၉၈၂ ခုနှစ်အထိ မြူးနစ်ဂိုဏ်းချုပ်တာဝန် ထမ်းဆောင်စဉ်အတွင်း လိင်ပိုင်းဆိုင်ရာ အလွဲအမှားပြုကျင့်တဲ့ ဘာသာရေးခေါင်းဆောင်လေးဦးကို အရေးယူဖို့ ပျက်ကွက်ခဲ့ကြောင်း ဂျာမန်ဥပဒေအကျိုးဆောင်ကုမ္ပဏီတခုရဲ့ အစီရင်စာက ဖော်ထုတ်ခဲ့ပါတယ်။

ဂျာမန်ဥပဒေအကျိုးဆောင်ကုမ္ပဏီ WSW က မြူးနစ်နဲ့ ဖရိုင်းဇင်းမြို့တွေရှိ ကက်သလစ်ဘုရားကျောင်းတွေရဲ့ ၁၉၄၅ နဲ့ ၂၀၁၉ ခုနှစ်အတွင်း အခြားလိင်ပိုင်းဆိုင်ရာ အလွဲပြုကျင့်မှုတွေကိုလည်း စုံစမ်းစစ်ဆေးဖို့ ရောမဗာတီကန်ကျောင်းတော်ကို တောင်းဆိုခဲ့ပါတယ်။ အဲဒီကာလအတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူ ၄၉၇ ဦးထိ ရှိခဲ့ပြီး အများစုက လူငယ်အမျိုးသားတွေပါ။

၂၀၁၃ က ပုပ်ရဟန်းမင်းရာထူးကနေ အနားယူခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးဟောင်း ဘန်နာဒက်က လက်ရှိမှာ အသက် ၉၄ နှစ် ရှိပါပြီ။

ဂျမန်ဥပဒေအကျိုးဆောင်ကုမ္ပဏီရဲ့ လတ်တလော စွပ်စွဲချက်တွေကို တစုံတရာတုံ့ပြန်ခြင်း မရှိသေးပေမဲ့ ယခင်ကတော့ စွပ်စွဲချက်အားလုံးကို ပုပ်ရဟန်းမင်းကြီးက ငြင်းဆန်ခဲ့ပါတယ်။

ရောမဗာတီကန်ဂိုဏ်းချုပ်ကတော့ ဂျာမန်ဥပဒေအကျိုးဆောင်ကုမ္ပဏီရဲ့ စွပ်စွဲမှုတွေကို ပြန်လည် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up