close

ကန်ဒေါ်လာပေါက်ဈေးကျပ် ၃၀၀၀ ထိရှိ၊ ဒေါ်လာရှားပါးမှု ၂၀၂၂ ခုနှစ်တွင်လည်း ဆက်လက်ဖြစ် ပေါ်နေမည်ဟု ခန့်မှန်း

မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုနဲ့အတူ ငွေကြေးဈေးနှုန်းတွေလည်း မတည်မငြိမ်ဖြစ် လာခဲ့ပြီး ပြင်ပဈေးကွက်မှာ အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေကျပ် ၃၀၀၀ နီးပါးအထိ ပေါက်ဈေးရှိခဲ့ကာ အခု ၂၀၂၂ ခုနှစ်မှာလည်း ဒေါ်လာရှားပါးမှု ဆက်လက်ပြီးတော့ ဖြစ်ပေါ် နေမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တွေအတွင်းမှာတော့ အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရာ မှာ မြန်မာကျပ်ငွေတန်ဖိုးဟာ ပုံမှန်မြင့်တက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှာ တော့ တစ်ဒေါ်လာကို ၁၂၉၃ ကျပ်ကို ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းမှုတွေနဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ထဲမှာတော့ မြန်မာကျပ်ငွေတန်ဖိုးဟာ သိသိ သာသာ လျော့ကျခဲ့ပြီး ဒီကာလအတွင်း ‌ငွေစျေးနှုန်း မတည်မငြိမ်မှုတွေလည်း ဖြစ်ပေါ်ခဲ့ကာ အောက်တိုဘာလမှာ ရည်ညွှန်းငွေလဲလှယ်နှုန်း ကျပ် ၂၀၀၀ ထိ ‌ရောက်ရှိခဲ့ပြီး ပြင် ပစျေးကွက်ထဲမှာတော့ ကျပ် ၃၀၀၀ နီးပါးထိ ပေါက်စျေးရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလနှောင်းပိုင်းမှာတော့ ဗဟိုဘဏ်သတ်မှတ်တဲ့နှုန်းနဲ့ စျေးကွက်အတွင်း စျေးနှုန်း ၁၈၀၀ ပတ်၀န်းကျင်ကို ပြန်လည်ဦး‌မော့လာခဲ့တယ်လို့ ဆိုပါတယ်။ ငွေလှယ်လဲ နှုန်းထားတွေအတွက် စိန်ခေါ်မှုတွေကတော့ ဗဟိုဘဏ်ရဲ့ မူဝါဒအပြောင်းအလဲ၊ ကျပ်ငွေ အပေါ် ယုံကြည်မှု လျော့နည်းကျဆင်းလာမှုတွေပေါ် မူတည်နေပြီး ရေတိုကာလအတွက် နောက်ဆက်တွဲ ပြဿနာတွေလည်း ဖြစ်ပေါ်လာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထား ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးပညာရှင် ကင်မ်အဒ်ဝဒ်က “ညွှန်ကိန်းအများစု က ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှု သိသိသာသာ ကျဆင်းသွားပြီး လျှပ်စစ်ကဏ္ဍအပါအဝင် အရင် က ဖြစ်ထွန်းနိုင်ချေရှိတဲ့ စီမံကိန်းတွေတောင် ဝယ်လိုအားကျသွားတဲ့အတွက် ရပ်တည်ဖို့ ခက်ခဲလာတာကို တွေ့ရပါတယ်။ မြန်မာကျပ်ငွေတန်ဖိုးဟာ နိုင်ငံခြားငွေကြေးနဲ့တွက်ရင် တန်ဖိုးကျဆင်းသွားတဲ့အတွက် ပြည်ပက တင်သွင်းရတဲ့ ကုန်ပစ္စည်းကုန်ကျစရိတ် မြင့် တက်လာပါတယ်။ ဒါ့အပြင် လအတန်ကြာ ပညာသင်ကြားခွင့် ပြတ်တောက်သွားမှုနဲ့အတူ အလုပ်လက်မဲ့နှုန်း လျင်မြန်စွာ မြင့်တက်လာမှု၊ နေရပ်စွန့်ခွာ ရွှေ့ပြောင်းရမှုတွေကြောင့် ရေရှည်မှာ လူသားရင်းမြစ်၊ ကျွမ်းကျင်မှုနဲ့ ကုန်ထုတ်စွမ်းအားတွေ သိသိသာသာ လျော့ကျ သွားပါလိမ့်မယ်”လို့ ပြောပါတယ်။

စစ်အာဏာသိမ်းကာလ တနှစ်အတွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူ မှုရေး၊ ကျန်းမာရေး အဘက်ဘက်က ချွတ်ချုံကျလာနေခဲ့တဲ့ မြန်မာနိုင်ငံမှာ ငွေကြေးစီး ဆင်းမှု ပြဿနာကလည်း ကြီးမားလာနေခဲ့တာပါ။

ဒါ့အပြင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေလည်း တစတစနဲ့ ထွက်ခွာလာနေခဲ့ပြီး ပြည်တွင်းငွေ ကြေးဈေးကွက်မှာ မတည်ငြိမ်မှုတွေနဲ့ ဆက်လက်ပြီးတော့ ဆိုးရွားလာနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up