close

နွေဦးတက္ကသိုလ်က ဖက်ဒရယ်နှင့် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးဒီပလိုမာသင်တန်း ၂ ခု ဖွင့်လှစ်

နွေဦးတက္ကသိုလ်က ဖက်ဒရယ်နဲ့ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး ဒီပလိုမာသင်တန်း ၂ ခု ဖွင့် လှစ်သွားဖို့ ရှိနေပြီး လျှောက်လွှာတွေ ခေါ်ယူနေပါတယ်။

သင်တန်းကြေး အခမဲ့နဲ့ တက်ရောက်သင်ကြားနိုင်မယ့် ဒီသင်တန်းတွေအတွက် စာသင်ချိန်  ၆ လစီဖြစ်ပြီး သင်တန်းပြီးဆုံးတဲ့အခါ လက်တွေ့လုပ်ဆောင်မှုတွေအတွက် ၃ လနဲ့ စုစုပေါင်းအချိန် ၉ လကြာမြင့်မှာ ဖြစ်ပါတယ်။

လျှောက်ထားသူတွေအနေနဲ့ မြန်မာနိုင်ငံ သို့မဟုတ် နိုင်ငံခြားတက္ကသိုလ်မှ ဘွဲ့တခုခုရရှိ သူဖြစ်ရမှာဖြစ်ပြီး ဒီပလိုမာအစီအစဉ်စတင်ချိန်မှာ အနည်းဆုံး အသက် ၁၈ နှစ်ရှိရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သင်တန်း အများစုကို အင်္ဂလိပ်ဘာသာနဲ့ သင်ကြားမှာဖြစ်ကာ ပရိုဂရမ်ရဲ့ ကြာ မြင့်ချိန်တလျှောက်လုံး အချိန်ပြည့် လေ့လာနိုင်သူဖြစ်ရမှာဖြစ်ပြီး CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ကျောင်းသားတွေ၊ အစိုးရဝန်ထမ်းတွေကိုလည်း လျှောက်ထားဖို့ တိုက်တွန်းထားပါတယ်။

ဒီပလိုမာသင်တန်းတွေမှာပါမယ့် သင်ခန်းစာတွေ၊ လျှောက်လွှာမှာပါရမယ့် အချက်တွေနဲ့ တခြားအသေးစိတ်တွေကို ဖော်ပြပါလင့်ခ်ကတဆင့် ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီ  ၁၅ ရက်မှာ လျှောက်လွှာပိတ်မယ်လို့ ဆိုပါတယ်။

လျှောက်ထားရန်လင့်ခ်-

https://springuniversitymm.com/mm/academic/institute/InstituteofHumanRightsandDemocraticGovernance?fbclid=IwAR2ODI_juTFBEfJ0mE_gM9IEFsFjBBnzJVCC-VQJWpxMNl-kUtLPr1Air2E

နွေဦးတက္ကသိုလ်ဟာ စစ်အာဏာရှင်လက်အောက်မှာ ပညာမသင်ကြားလိုတဲ့ ကျောင်းသား လူငယ်တွေရဲ့ ပညာရေးရပ်တန့်မသွားစေဖို့နဲ့ တော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့ CDM ဝန်ထမ်းတွေ အပြင် လိုအပ်တဲ့နေရာတွေမှာ ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up