close

တရုတ်-အိန္ဒိယ နယ်စပ်တင်းမာမှုအရေး တရုတ်အပေါ် မူတည်ခြင်းမရှိဟုဆို

တရုတ်-အိန္ဒိယ နယ်စပ်တင်းမာမှုဖြစ်နေတဲ့ကိစ္စဟာ တရုတ်အပေါ်မှာ မူတည်တာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။ 

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာရဲ့ ဩစတြေးလျ ခရီးစဉ်အတွင်း မှတ်ချက်နဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ခုလို ဖြေလိုက်တာပါ။

ကွဒ်အုပ်စု အစည်းအဝေးရဲ့ အစိတ်အပိုင်းအဖြစ် ဩစတြေးလျနဲ့ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးတွေဟာ ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ဖေဖော်ဝါရီ ၁၂ ရက်က တွေ့ဆုံပြီး ဆိုင်ဘာ ခြိမ်းခြောက်မှုတွေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ အရေးတွေမှာ ပိုတိုးပြီး ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပြုခဲ့ကြပါတယ်။

အစည်းအဝေးအတွင်း ဂျိုင်ရှန်ကာက ဩစတြေးလျအပေါ် တရုတ်ရဲ့ စီးပွားရေး ဆောင်ရွက်ချက်တွေကို ဝေဖန်ခဲ့ပြီး တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံကြား လာဒက်ခ် အရှေ့ပိုင်းဒေသက နယ်စပ်ပဋိပက္ခအတွက် တရုတ်ကို အပြစ်တင်ခဲ့ပါတယ်။

တရုတ်ကလည်း သူ့အပေါ် မမူတည်ဘူးဆိုတာ ရှင်းနေတယ်။ တရုတ်နဲ့ အိန္ဒိယကြား အဆက်အဆံ ရှိနေတယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

နယ်စပ်ဒေသ ငြိမ်းချမ်းတည်ငြိမ်းချမ်းရေး ပူးတွဲစောင့်ရှောက်ဖို့၊ တရုတ်နဲ့ အလုပ်လုပ်ရာမှာ ရပ်တည်ချက် ခိုင်မာဖို့၊ တာဝန်ယူမှုမရှိတဲ့ မှတ်ချက်တွေမလုပ်ဘဲ ထိန်းသိမ်းဖို့၊ နှစ်နိုင်ငံ လက်မှတ်ထိုး သဘောတူထားတဲ့ အချက်တွေကို အိန္ဒိယက တင်းတင်းကျပ်ကျပ် လိုက်နာဖို့ မျှော်လင့်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဝမ်ဝင်ဘင်က ပြောပါတယ်။

တရုတ်ရဲ့ စီးပွားရေးနဲ့ စစ်ရေး တိုးချဲ့မှုကို တုံ့ပြန်ဖို့ အမေရိကန်၊ ဩစတြေးလျ၊ ဂျပန်နဲ့ အိန္ဒိယတို့ လေးနိုင်ငံပါတဲ့ ကွက်ဒ်အုပ်စုကို တည်ထောင်အပြီး ကုန်သွယ်ရေး ညှိနှိုင်းရာမှာ တွန်းအားရလာခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ရေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up