close

Tree Scooter ဟု အမည်ပေးထားသည့် ကွမ်းပင်တက်စက် အိန္ဒိယတောင်သူ ၁ ဦး တီထွင်

အိန္ဒိယနိုင်ငံ ကာနာတာကာပြည်နယ် မန်ဂါလူရူမြို့က ကွမ်းသီးစိုက် တောင်သူတယောက်ဟာ ၆၅ ပေမြင့်တဲ့ ကွမ်းပင်ကို တက်ပြီး ကွမ်းသီးခူးဖို့ သစ်ပင်တက်စက်ကို တီထွင်လိုက်ပါတယ်။ 

အသက် ငါးဆယ်အရွယ် ဂါနာပါသီဘတ်ဟာ ၂၀၁၄ မှာ ဒီစက်ကို စတင် တီထွင်ခဲ့တာပါ။ ကွမ်းခြံမှာ သစ်ပင်တက်မယ့် စျေးချိုတဲ့ လုပ်သားရှားလို့၊ သူလည်း အသက်ကြီးလာပြီဖြစ်လို့ ဒီစက်ကို တီထွင်ခဲ့တာလို့ သူက ပြောပါတယ်။

“Tree Scooter” လို့ခေါ်တဲ့ ဒီစက်မှာ ဂျာမန် စက်မှုလုပ်ငန်းထုတ် ကြိုးလွှက မော်တာ၊ ထိုင်ခုံနဲ့ ဘီးတစုံပါပါတယ်။

၁၈ ဧက ကျယ်တဲ့ ကွမ်းခြံကို ကွမ်းပင်တက်ရခက်တဲ့ မိုးရာသီမှာ အချိန်မီပြီးအောင် တက်ဖို့ ဒီစက်က လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။

သုတေသနနဲ့ တီထွင်ဖို့ အမေရိကန်ဒေါ်လာ ၅၂,၈၂၄ ဒေါ်လာ သုံးခဲ့ပြီး ၄ နှစ်အကြာမှာ သူနဲ့ အင်ဂျင်နီယာ မိတ်ဖက်တို့ဟာ အလုပ်ဖြစ်မယ့် ရှေ့ပြေးပုံစံကို ရခဲ့ပါတယ်။

အခုတော့ “Tree Scooters” လို့ခေါ်တဲ့ ကွမ်းပင်တက်စက်တလုံးကို အမေရိကန် ဒေါ်လာ ၈၁၉ ဒေါ်လာနဲ့ ညီမျှတဲ့ အိန္ဒိယရူပီးငွေ ၆၂,၀၀၀ နဲ့ ရောင်းရာမှာ စက်အလုံး ၃၀၀ ကျော် ရောင်းပြီးပြီလို့ ပြောပါတယ်။

ထုတ်လုပ်မှု တိုးလာနိုင်လို့ ဒီစက်ကို တခြားလယ်သမားတွေကလည်း သုံးဖို့ စိတ်အား ထက်သန်နေကြပါတယ်။ ဒီစက်ဟာ တရက်ကို ကွမ်းပင် ၃၀၀ ကျော်ကနေ အလွယ်တကူ ကွမ်းသီးခူးနိုင်တယ်လို့ ဘတ်က ပြောပါတယ်။

အရင်က သမားရိုးကျ ကွမ်းပင်တက်တဲ့နည်းနဲ့ ခူးရင် တရက်ကို ကွမ်းပင် ၁၀၀ သာ တက်နိုင်တယ်လို့လည်း သူက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up