ပြည်သူ့ခုခံတော်လှန်စစ်အရှိန်မြှင့်၊ တလအတွင်း စစ်ကောင်စီတပ်သား ၂၁၀၀ ခန့် သေ

မြန်မာပြည်တွင်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ တလအတွင်း စစ်ကောင် စီတပ်ဖွဲ့ဝင် ၂၀၉၅ ယောက်သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
ခုထုတ်ပြန်ထားတဲ့ အချက်လက်ဟာ NUG အစိုးရက အရေးပေါ်အခြေအနေ ကြေညာချက် ထုတ်ပြန်ပြီးကာလ ဖေဖော်ဝါရီ ၇ ရက်ကနေ မတ် ၆ ရက်အထိ ဆဋ္ဌမ ၁ လတာအတွင်း စာရင်းကောက်ယူ ထုတ်ပြန်ထားတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်က တော့ ၆၃၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ် ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲနေကြတာပါ။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီး တိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။
ဒါ့အပြင် NUG အစိုးရက ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ်ကို ကြိုးပမ်းဆောင်ရွက်နေပြီး အရေးပေါ်ကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်း ပြည်သူဘက်ကို ရဲရဲဝံ့ဝံ့ ရပ်တည်လာ ကြတဲ့ စစ်သားနဲ့ ရဲ CDM တွေလည်း နေ့စဉ်များပြားလာနေတယ်လို့ ဆိုပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် တိုက်ပွဲတွေဖြစ်ပွားတဲ့ အခြေအနေမှာတော့ တလအ တွင်း ကရင်ပြည်နယ်မှာ ၂၂၇ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၁၁၂ ကြိမ်၊ မန္တလေးတိုင်းမှာ ၃၇ ကြိမ်၊ ကရင်နီပြည်နယ်မှာ ၂၇ ကြိမ်စီနဲ့ အများဆုံးဖြစ်ပွားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။