ချဲယ်လ်ဆီးအသင်းပိုင်ရှင်၏ ရွက်လှေ မွန်တီနီဂရိုးကမ်းရိုးတန်းသို့ ဆိုက်ကပ်

ချဲယ်ဆီးဘောလုံးအသင်းပိုင်ရှင် ရုရှားဘီလီယံနာသူဌေး ရိုမန် အေဘရာမိုဗစ်ချ် ပိုင်ဆိုင်တဲ့ စူပါရွက်လှေ တစင်း မွန်တီနီဂရိုးနိုင်ငံကမ်းရိုးတန်း တိဗက်မြို့ကို စနေနေ့က ရောက်ရှိလာပါတယ်။
ပေ ၄၆၀ ရှည်လျားပြီး ဒေါ်လာ သန်း ၆၀၀ တန်ကြေးရှိ ဆိုလာရစ် ရွက်လှေ (The Solaris) ဟာ ပြီးခဲ့တဲ့တပတ်အတွင်း ကပ်ဖို့ ဆိပ်ကမ်းဦးတည်ရာမရှိဘဲ မြေထဲပင်လယ်ထဲ သွားနေတာပါ။
အီတလီ၊ ဂရိ အပါအဝင် ဥရောပ ဆိပ်ကမ်းတွေက အကပ်မခံလိုတာကြောင့် ဆိုလာရစ်ဟာ ပင်လယ်ထဲ ရက်အတန်ကြာ ရွက်လွှင့်နေခဲ့တာပါ။
ဗြိတိန်အစိုးရက ဗလာဒီမာပူတင်နဲ့ ဆက်စပ်မှုရှိတဲ့ ရုရှားဘီလီယံနာ ၆ ဦးရဲ့ ပိုင်ဆိုင်မှုတွေ ဒဏ်ခတ်အရေးယူ လိုက်တဲ့အထဲမှာ အေဘရာမိုဗစ်ချ်လည်း ပါဝင်ခဲ့တာပါ။
အင်္ဂလိပ်ပရီးမီးယားလိဂ် ဘုတ်အဖွဲ့ကလည်း မိုဗစ်ချ်အနေနဲ့ အင်္ဂလိပ်ထိပ်တန်း ကလပ်အသင်းတခုကို ပိုင်ဆိုင်ဖို့ အရည်အချင်းမပြည့်မီဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။
မိုဗစ်ချ်ကတော့ သူဟာ ပူတင်အစိုးရနဲ့ ပတ်သက်မှုမရှိဘူးလို့ ငြင်းရှာပါတယ်။
မကြာခင်က အီတလီနဲ့ ပြင်သစ်အစိုးရတွေက အခြား ရုရှားဘီလီယံနာတွေရဲ့ ဇိမ်ခံရွက်လှေတွေနဲ့ အခြားပိုင်ဆိုင်မှုတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။