close

ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရဲစခန်းမှူး ပစ်သတ်ခံရ

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ ဧပြီ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက တောင်ခင်ရန်းရွာ ရဲစခန်းမှူး သုံးပွင့်ဗိုလ် ကိုဝေဖြိုးကိုဟာ ဇနီးနဲ့အတူ‌ ဈေးဝယ်လာစဉ် လမ်းမှာ ဂန့်ဂေါပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တွေက စောင့်ကြိုပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

စခန်းမှူး ဝေဖြိုးကိုမှာ ဒဏ်ရာရရှိကာ ထွက်ပြေးပေမယ့် ဂန့်‌ဂေါရဲဘော်တွေက စခန်းအနီးထိ လိုက်လံပစ်ခတ်ခဲ့တာကြောင့် သေးသွားခဲ့ပြီး ဇနီးဖြစ်သူကိုမူ လူသားချင်းစာနာတဲ့အနေနဲ့ အသက်ချမ်းသာခွင့်ပေးခဲ့တယ်လို့ ဂန့်ဂေါ PDF တာဝန်ခံက ပြောပါတယ်။ 

အဲ့ဒီရဲစခန်းမှူးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက နှမ်းခါးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒေသခံတဦးကို ဖမ်းဆီးသတ်ဖြတ်တုန်းက ဦးဆောင်ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဂန့်ဂေါ PDF တပ်ဖွဲ့က ရဲစခန်းအနီးထိ လိုက်လံပစ်ခတ်ခဲ့တာ‌ကြောင့် စခန်းအတွင်းမှ စစ်ကောင်စီတပ်နဲ့ ရဲတပ်သားတွေက ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ‌ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

တောင်ခရန်းစခန်းအတွင်းရှိ စစ်ကောင်စီတပ်သားတွေ၊ ရဲသားတွေအနေနဲ့ အချိန်မီ ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ ဂန့်ဂေါ PDF က သတိပေးနှိုးဆော်လိုက်ပါတယ်။

လက်ရှိမှာတော့ ဂန့်ဂေါနယ်အတွင်းမှာ စစ်ရေးများတင်းမာနေတာကြောင့် ဒေသခံပြည်သူ တွေအနေနဲ့ ထီးလင်း-ဂန့်ဂေါလမ်းပိုင်းနဲ့ ကလေး-ဂန့်ဂေါလမ်းပိုင်းအား အသုံးမပြုကြဖို့ကိုလည်း ဂန့်ဂေါ PDF က အသိပေးမေတ္တာရပ်ခံထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up