close

မြင်းမူမြို့နယ်၊ ကန်တော်ကျေးရွာကို စစ်ကောင်စီတပ်က ပစ်ခတ်မီးရှို့ ရွာလုံးကျွတ်ပြာကျ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကန်တော်ကျေးရွာကို ဧပြီ ၂၉ မနက်ပိုင်းက စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ပြီး အကြမ်းဖက် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ရွာလုံးကျွတ်မီးလောင်ပြာကျသွားတယ်လို့  ဒေသခံတွေထံက သိရပါတယ်။

ဒေသခံတဦးက "ည ၂ နာရီလောက် ရွာကို လက်နက်ကြီးနဲ့ အရင်ပစ်တယ်။ ပြီးတော့မှ စစ်တပ်ကသူ တွေဝင်လာပြီး ရွာကိုမွှေနောက် ရှာဖွေပြီးမီးရှို့သွားတာ။ ရွာတစ်ရွာလုံးနီးပါးကုန်တယ်။ ကျနော်တို့လည်း ဘေးလွတ်ရာပြေးနေရတယ်"လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ကျေးရွာအတွင်းဝင်ရောက်လာတဲ့အတွက်  ဒေသခံပြည်သူတွေဟာ ကျေးရွာကိုစွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေစဉ် စစ်ကောင်စီတပ်က အိမ်ခြေ ၈၀၀ ကျော်ရှိတဲ့  ရွာကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

ကန်တော်ကျေးရွာကြီးတရွာလုံးကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာတခုလုံး မီးလောင် ပြာကျသွားခဲ့ရပြီလို့  မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ Myinmu Civil Revolution Force ကလည်း ထုတ်ပြန်ထားပါတယ်။

Photo - Myinmu Civil Revolution Force

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up