close

မွန်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲမည့် မွန်အမျိုးသားညီလာခံ စတင်ကျင်းပ

မွန်ပြည်သစ်ပါတီက ဦးဆောင်ကျင်းပတဲ့ မွန်အမျိုးသားညီလာခံကို မွန်ပြည်သစ်ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသရှိ မွန်အမျိုးသားပညာရေးဌာနဗဟို ညီစားစခန်းမှာ မေလ ၂ ရက် ဒီကနေ့  စတင်ကျင်းပနေပါတယ်။

ဒီညီလာခံမှာ ဖက်ဒရယ်ပြည်ထောင်စု အခြေခံမူ အပါအဝင် မွန်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ် ရေးဆွဲသွားဖို့ စီစဉ်ထားသလို မွန်အမျိုးသားရေးရာတွေအပြင် သက်ဆိုင်ရာကဏ္ဍအလိုက် မူဝါဒတွေကိုလည်း ထည့်သွင်း ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ရေးဆွဲထားတဲ့ ၂၀၂၀ - ၂၀၃၀ ခုနှစ်ထိ ၁၀ နှစ်တာ မွန်အမျိုးသားစီမံကိန်းကိုလည်း ဆွေးနွေးအတည်ပြုသွားဖို့ စီစဉ်ထားတာပါ။

မေလ ၂ ရက်မှ ၅ ရက်အထိ  ၄ ရက်တာ ကျင်းပသွားမယ့် မွန်အမျိုးသားညီလာခံကိုတော့ မွန်ရဟန်းသံဃာတော်တွေ၊ မွန်ပြည်သစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ မွန်အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဖိတ်ကြားထားတဲ့ တက်သိပညာရှင် ၂၂၀ ကျော် တက်ရောက်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ကျင်းပခဲ့တဲ့ မွန်အမျိုးသားညီလာခံကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပေါလောကုန်းကျေးရွာမှာ ကျင်းပခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up