close

အယ်လ်ဆာဗေဒိုရဲအချုပ်၌ လူ ၁၈ ဦး သေဆုံးခဲ့ဟု AI ထုတ်ပြန်

အယ်လ်ဆာဗေဒိုနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ လက ရဲအချုပ်ထဲ အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) စုံစမ်းစစ်ဆေးမှုတွေအရ သိရပါတယ်။ 

အကျဉ်းထောင်အခြေအနေတွေကြောင့် နောက်ထပ် သေဆုံးသူ တွေတိုးလာမှာကိုလည်း စိုးရိမ်နေပါတယ်လို့ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ကြေညာချက်ထဲမှာ ပြောကြားခဲ့ပါတယ်။

ဒီစာရင်းကို ခရစ္စတိုဆယ်အဖွဲ့က ကောက်ယူထားတာဖြစ်ပြီး သေဆုံးသွားသူ အမျိုးသားတွေဟာ တချို့ အချိန်မီ ဆေးကုသမှု ခံယူနိုင်ခြင်း မရှိခြင်းကြောင့် တချို့ကတော့ ပြင်းထန်တဲ့ဒဏ်ရာ တွေကြောင့် သေဆုံးရတာလို့ ဆိုပါတယ်။

အဲဒီအစီရင်ခံထဲမှာ အကျဉ်းသား ၅၀၀ အထိ အစုလိုက်အပြုံလိုက် ကြားနာမှုတွေ လုပ်ခဲ့ကြောင်းလည်း AI အဖွဲ့ရဲ့ အစီရင်ခံစာက ထောက်ပြထားပါတယ်။ 

ဒီအစီရင်ခံစာပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး အယ်လ်ဆာဗေးဒေါရဲ့ သမ္မတရုံး၊ တရားရေးနဲ့ လုံခြုံရေးဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့နဲ့ စစ်တပ်တို့ကို ရိုက်တာက မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို ချက်ချင်း တုံ့ပြန်ခြင်း မရှိပါဘူး။ 

မေလလယ်က ရိုက်တာသတင်းမှာ ရဲတပ်ဖွဲ့ဟာ သူတို့ဖမ်းဆီးရမယ့် ခွဲတမ်းတွေပြည့်အောင် အပြစ်မဲ့ပြည်သူ ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးခဲ့ကြောင်း အရာရှိငါးဦးကို ကိုးကားဖော်ပြ ထားပါတယ်။

မတ် ၂၇ ရက်မှစပြီး ရဲတပ်ဖွဲ့နဲ့ စစ်တပ်ဟာ အရွယ်မရောက်သေးသူ ၁,၁၉၀ အပါအဝင် ဂိုဏ်းတွေနဲ့ ပတ်သက်တယ်လို့ စွပ်စွဲခံထားရသူ ၃၆,၀၀၀ ကျော်ကို ဖမ်းဆီးထားကြောင်း တရားဝင် စာရင်းတွေအရ သိရပါတယ်။ 

//
Up