စပိန်တင်းနစ်ပြိုင်ပွဲတွင် ဂရိတင်းနစ်သမား စီစီပက်ကအနိုင်ရ ဗိုလ်စွဲ

5
စပိန်နိုင်ငံ မော်လိုကာမြို့မှာ စနေနေ့မှာ ယှဉ်ပြိုင်သွားတဲ့ Mallorca Open တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ကမ္ဘာ့နံပါတ် ၆ ဖြစ်တဲ့ စတီဖန်နော့ စီစီပက်က ပြိုင်ဖက် ရောဘတ်တို ဘူတက်စတာ အဂုကို အနိုင်ရသွားပါတယ်။
စပိန် ပရိသတ်တွေရှေ့မှာ ဂရိနိုင်ငံသား စီစီပက်ဟာ စပိန်ပရိသတ် အချစ်တော် ဘူတက်စတာ အဂု ကို အနိုင်ရလိုက်တာ ဖြစ်ပြီး၊ သူ့အတွက် ပထမဆုံး မြက်ခင်းပြင် တင်းနစ်ချန်ပီယံ ဆုဖလား ရရှိတာဖြစ်ပါတယ်။
စနေနေ့မှာပဲ အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်းက အိစ်ဘုန်းမြို့မှာ ကျင်းပသွားတဲ့ all-American ဖိတ်ခေါ်ဖလား တင်းနစ်ပြိုင်ပွဲမှာတော့ အမေရိကန်တင်းနစ်သမား တေလာဖရစ်က ပြင်သစ်နွယ်ဖွား အမေရိကန် တင်းနစ်သမား မက်ဆင်း ခရက်စီကို အနိုင်ရသွားပါတယ်။