ပီးရူးမြေပြိုမှု သေဆုံးသူ ၂၀၀ ကျော်ရှိလာ

5
ပီရူးနိုင်ငံ ဟွာရီပြည်နယ်မှာ မြေပြိုမှုဒဏ်ကြောင့် သေဆုံးသူ ၂၀၀ ကျော်အထိ တိုးလာကြောင်း ပီရူးနိုင်ငံပိုင် သတင်းဌာနက ဇူလိုင် ၁ ရက်မှာ ဖော်ပြခဲ့ပါတယ်။
ဇွန် ၃၀ ရက် နေ့လယ်ပိုင်းက Cruz de Shallapa တောင်ပေါ်ကနေ မြေပြိုကျမှုကြောင့် အနီးနားရှိ အိမ်တွေကို ဖုံးအုပ် နစ်မြုပ်သွားပါတယ်။
မြေပြိုမှုကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူတချို့ဟာ ဟွာရီရဲ့ ဘတ်စ်ကားဂိတ်ကြီးမှာ ခေါက်ကုတင်တွေ၊ မွေ့ယာတွေနဲ့ အိပ်ခဲ့ကြရပြီး တချို့မှာ ယာယီဆောက် တဲစခန်းတွေမှာ ခိုလှုံခဲ့ရပါတယ်။
Ancash ဒေသရဲချုပ် Fredy del Carpio Leon က ဒေသခံတွေကို ခိုလှုံရာစခန်းတွေကို မထွက်ခွာခင် ကိုယ့်အိမ်ကိုယ်ဝင်ပြီး သူတို့ရဲ့တကိုယ်ရေပိုင်ဆိုင်မှု ပစ္စည်းတွေကို ယူခွင့်ပြုထားကြောင်း ဒေသခံတွေကို စောင့်ကြပ်နေတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို အကြောင်းကြားခဲ့ပါတယ်။