close

ဖွံ့ဖြိုးဆဲကမ္ဘာတွင် အမေရိကန်အင်အားကျဆင်းလာနေဟု နိုင်ငံတကာလေ့လာသူ သုံးသပ်

လွတ်လပ်တဲ့နိုင်ငံတွေနဲ့ ဖွဲ့စည်းထားတဲ့ ဖွံ့ဖြိုးဆဲကမ္ဘာဟာ ဒီနေ့ခေတ်ကို ခွဲခြားသိမြင်ပြီး တကမ္ဘာလုံးမှာ အပြောင်းအလဲတွေ သိသိသာသာ ဖြစ်နေတယ်လို့ နိုင်ငံတကာ လေ့လာရေး ကျွမ်းကျင်သူတယောက်က သုံးသပ်ပြောလိုက်ပါတယ်။

၁၉၁၈ ခုနှစ်ကနေ ၁၉၃၉ ခုနှစ် ကြားကာလဟာ ဗြိတိန်နိုင်ငံအင်အား ဆုတ်ယုတ်ခဲ့ပြီး လက်ရှိကာလကတော့ အမေရိကန်အင်အားကျဆင်းလာတာကို ပြနေတယ်လို့ ကိန်းဘရစ်ချ်တက္ကသိုလ် နိုင်ငံရေးနှင့် နိုင်ငံတကာလေ့လာရေးဌာနမှ အကြီးတန်း အုပ်ချုပ်ရေး အဖွဲ့ဝင်ဟောင်း မာတင်ယက်ခ်က တရုတ်ဗဟိုရုပ်သံနဲ့ လူတွေ့ မေးမြန်းခန်းမှာ ပြောလိုက်တာပါ။

၁၉၁၈ ခုနှစ်မှ ၁၉၃၉ ခုနှစ်တွေ အတွင်း ကမ္ဘာ့နိုင်ငံအများအပြားဟာ လွတ်လပ်တဲ့နိုင်ငံအနည်းစုဖြစ်ပြီး  အဲဒီခေတ်ကာလမှာ ကျွန်ပြုတာကို နိုင်ငံအများစုက အသံမထွက်ကြဘူးလို့ မှတ်ချက်ချခဲ့ပါတယ်။

 “အခုခေတ်က လုံးဝကို ကွဲပြားသွားပြီ။ အခုခေတ်က ဖွံ့ဖြိုးဆဲနိုင်ငံတွေ ထွန်းကားလာတဲ့ခေတ်ပါ။  အမှီအခိုကင်းတဲ့ နိုင်ငံတွေဖြစ်လာတော့ သူတို့ကိုယ်သူတို့ ကိုယ်စားပြုနိုင်၊ တွေးခေါ်နိုင်ပြီး အမှီအခိုကင်းတဲ့ ဆက်ဆံရေးတွေ ဖွဲ့ဖို့ စိတ်ထားလာကြပြီ။ ဒါကြောင့် အခု ကျနော်တို့ မျက်မြင် တွေ့နေရတာကတော့ ကမ္ဘာ့လူဦးရေရဲ့ ၁၃ ရာခိုင်နှုန်း ၁၄ ရာခိုင်နှုန်းကို ကိုယ်စားပြုတဲ့ အနောက်နိုင်ငံ လူနည်းစုက ကြီးစိုးတဲ့ ကမ္ဘာကြီးကနေ ပြောင်းလဲလာတဲ့ ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုကြီးပါ။ ဖွံ့ဖြိုးဆဲ ကမ္ဘာကြီးဟာ ကမ္ဘာ့လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်းလောက်ကို ကိုယ်စားပြုပါတယ်” လို့ သူက ပြောပါတယ်။ 

ဒီခေတ်ဟာ ပထမဆုံးအနေနဲ့ ကမ္ဘာလုံးဆိုင်ရာဖွဲ့စည်းပုံက တခါမှ မကြုံဖူးတဲ့ ဒီမိုကရေစီ နည်းလမ်း ဖြစ်နိုင်ပြီး ဒါကတကယ့်ကို အင်မတန်အရေးပါတဲ့ ခြားနားချက်ပဲလို့လည်း ပညာရှင်က ပြောခဲ့ပါတယ်။

//
Up