WordPress database error: [Incorrect key file for table './burmese_dvb_no/dvp_options.MYI'; try to repair it]
INSERT INTO `dvp_options` (`option_name`, `option_value`, `autoload`) VALUES ('_transient_doing_cron', '1660458396.8483369350433349609375', 'yes') ON DUPLICATE KEY UPDATE `option_name` = VALUES(`option_name`), `option_value` = VALUES(`option_value`), `autoload` = VALUES(`autoload`)

ရှမ်းမြောက်ဒေသတွင် ကျဆုံးခဲ့သည့် PDF ရဲဘော် ၂ ဦးအတွက် ကုသိုလ်ကောင်းမှုပြုလုပ် – DVB
close

ရှမ်းမြောက်ဒေသတွင် ကျဆုံးခဲ့သည့် PDF ရဲဘော် ၂ ဦးအတွက် ကုသိုလ်ကောင်းမှုပြုလုပ်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အမှတ် ၅၀၉ တပ်ရင်းက ရဲဘော် ၂ ယောက်ကို ရည်စူးပြီး ဩဂုတ် ၁၄ ရက်မှာ ကုသိုလ်ကောင်းမှု လုပ်ပေးခဲ့တယ်လို့ တပ်ရင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

"နောင်ချိုဘက်မှာဖြစ်တဲ့ တိုက်ပွဲမှာ ကျဆုံးတာပါ။ ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဘက်က သေ ဆုံးတာရှိသလို ကျနော်တို့ဘက်က ရဲဘော် ၂ ဦး အသက်ပေးသွားခဲ့ရပါတယ်။ သူတို့ နှစ်ယောက်အတွက် ရည်စူးပြီး ကောင်းမှုကုသိုလ်လုပ်ပေးတာပါ။" 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဌာနရဲ့ လမ်းညွှန်မှုအောက်မှာရှိတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေမှာ ရှမ်းမြောက်မြို့နယ်အသီးသီးက ပညာတတ် လူငယ်လူရွယ် အမျိုးသား၊အမျိုးသမီး ထောင်ဂဏန်းနီးပါ တာဝန်ထမ်းဆောင်နေတယ်လို့ သိရပါတယ်။

//
Up