ချန်ပီယံလိဂ်မဲခွဲရာတွင် စပါးအသင်းအုပ်စုချောင်ပြီး မန်စီးတီး၊ လီဗာပူးနှင့် ချဲလ်ဆီး ပွဲကျပ်တွေ့နိုင်

ဥရောပချန်ပီယံလိဂ်အုပ်စုမဲခွဲရာမှာ အင်္ဂလန်ကလပ်တွေထဲက စပါးအသင်းအုပ်စုချောင်ခဲ့ပြီး မန်စီးတီး၊ လီဗာပူးနဲ့ ချဲလ်ဆီးတို့ကတော့ ပွဲကျပ်တွေ့ နိုင်ပါတယ်။
စပါးအသင်းဟာ ယူရိုပါလိဂ်ချန်ပီယံ ဖရန့်ဖတ်အပါအဝင် စပို့တင်းလစ္စဘွန်း၊ မာဆေးတို့နဲ့ အုပ်စု D မှာကျရောက်ခဲ့တာပါ။
ဒီအခြေအနေဟာ တခြားအုပ်စုတွေထက်စာရင် ပွဲအချောင်ဆုံးဖြစ်ပြီး လီဗာပူးက အိုင်းယက်၊ နာပိုလီ၊ ရိန်းဂျားစ်အသင်းတွေနဲ့ အုပ်စု A မှာကျရောက်ပါတယ်။
မန်စီးတီးက ဆီဗီလာ၊ ဒေါ့မွန်နဲ့ ကိုပေဟေဂင်တို့နဲ့ အုပ်စုG မှာတွေ့ဆုံနေသလို ချဲလ်ဆီးကတော့ အေစီမီလန်၊ ဆဲလ်ဘက်၊ ဒိုင်နမိုဇာဂရတ်အသင်းတွေနဲ့ အုပ်စုE မှာတွေ့ဆုံပါတယ်။
တခြားအုပ်စုတွေမှာတော့ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်က လိုက်ဇစ်၊ ရှက်တာဒိုးနက်၊ ဆဲလ်တစ်တို့နဲ့တွေ့ပါတယ်။
ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာနဲ့ အင်တာမီလန်တို့က တစ်အုပ်စုတည်းတွေ့နေပြီး ချက်ကလပ် ဗစ်တိုရီးယားပလာဇန်လည်းပါဝင်ပါတယ်။
ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်တို့လည်း ထိပ်တိုက်တွေ့ခဲ့ပြီး ဘင်ဖီကာ၊ မက္ကာဘီဟိုက်ဖာတို့လည်း ပါဝင်ပါတယ်။
အက်သလက်တီကိုကတော့ ပေါ်တို၊ လီဗာကူဆင်၊ ဘရုဂျက်အသင်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။