close

ရှုံးပွဲဆက်နေသဖြင့် နည်းပြဂျရတ်ကို ထုတ်ပယ်ရန် ဗီလာပရိသတ်များ တောင်းဆို

အက်စတွန်ဗီလာအသင်းဟာ အခုနှစ်ရာသီအစမှာနှစ်ပွဲဆက်တိုက် ရှုံးပွဲဆက်နေတာကြောင့်  နည်းပြ စတီဖင်ဂျရတ်ကို ထုတ်ပယ်ဖို့ ပရိသတ်တွေဟာ တောင်းဆိုနေကြပါတယ်။ 

ဗီလာအသင်းဟာ မနေ့ညက ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်အဖွင့် ၄ ပွဲမှာပဲ ၃ ပွဲအထိ ရှုံးပွဲတွေ့ခဲ့တာပါ။ 

ဒီအခြေအနေကြောင့် အသင်းရဲ့ ရလဒ်ပိုင်းအပေါ် ဗီလာပရိသတ်တွေက စိတ်ပျက်စကားဆိုခဲ့ပြီး နည်းပြဂျရတ်ကိုလည်း ထုတ်ပယ်သင့်ကြောင်း တွစ်တာကနေ တောင်းဆိုခဲ့ပါတယ်။

နည်းပြဂျရတ်ဟာ မာနထောင်လွှားပြီး အဆိပ်လိုနည်းပြဖြစ်သလို အသင်းစည်းလုံးမှုလည်း ပျက်ပြားနေကြောင်း ဗီလာပရိသတ်တစ်ဦးက တွစ်တာကနေ ရေးသားခဲ့ပါတယ်။ 

ဒါ့အပြင် ဆွေးနွေးဖို့တောင် မလုပ်သင့်တော့ဘဲ ဂျရတ်ကို ထုတ်ပယ်သင့်ချိန် ရောက်ပြီဖြစ်ကြောင်း၊ ပွဲထွက်လူစာရင်း ရွေးချယ်ရာမှာလည်း ခြေစွမ်းပြနိုင်တဲ့သူတွေကို အရန်ခုံ ပို့နေကြောင်း ဗီလာပရိသတ်တွေက ဝေဖန်ပါတယ်။ 

၂၀၂၁ ခုနှစ်က ပြောင်းရွှေ့လာတဲ့ လီဗာပူးအသင်း ခေါင်းဆောင်ဟောင်း ဂျရတ်ဟာ စကော့တလန် ကလပ် ရိန်းဂျားအသင်းနဲ့ အောင်မြင်မှုတချို့ ရခဲ့ပေမယ့် ပရီးမီးယားလိဂ် ရောက်ချိန်မှာတော့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

//
Up