close

မီဇိုရမ်တွင် မြန်မာအမျိုးသမီးတဦးထံမှ ရူပီး ၇၉ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူဖမ်းမိ

အိန္ဒိယ-မြန်မာနယ်စပ် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဇိုခေါ်သာရ်ကျေးရွာမှာ စက်တင်ဘာ ၂ ရက်က မြန်မာအမျိုးသမီးတဦးအား မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးခံခဲ့ရတယ်လို့ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။   

မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့နဲ့ အာသံရိုင်ဖယ်တပ်တွေက မူးယစ်ဆေးဝါးသတင်းအရ ချင်းတိုင်းရင်းသူ မြန်မာအမျိုးသမီး Tial Duh Rem ဆီက ဘိန်းဖြူ အလေးချိန် ၁၅၉ ဂရမ် ကာလတန်ဖိုး ရူပီး ၇၉ ဒသမ ၅ သိန်းကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ္။

ဖမ်းဆီးခံရတဲ့ ဘိန်းဖြူသယ်ဆောင်သူ အမျိုးသမီး Tial Duh Rem ဟာ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ် မြို့ အမှတ်(၂)ရပ်ကွက်နေသူဖြစ်ပြီး မီဇိုရမ်ပြည်နယ်မှာ စစ်ဘေးတိမ်းရှောင်နေသူတဦးလည်း ဖြစ်ပါတယ်။

ဩဂုတ် ၂၉ ရက်ကလည်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အထူးမှုခင်းစုံစမ်းရေးဌာနခွဲက  အိုင်ဇောလ်မြို့ ကမ္ဘာ့ဘဏ်လမ်းမှာ မြန်မာအမျိုးသားတဦးကို စိတ်ကြွဆေးပြားအလုံး ၂၀,၀၀၀ ကျော်နဲ့အတူ  ဖမ်းဆီးရမိခဲ့ပါတယ်။

မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူတွေ အမြောက်အမြား နေထိုင်နေထိုင်ကြတဲ့ မီဇိုရမ်ပြည်နယ်မှာ မူးယစ်ဆေးဝါးဖမ်းဆီးမှု ဆက်လက်မြင့်တက်နေပြီး အထူးသဖြင့် အိန္ဒိယ-မြန်မာနယ်စပ်ဘက်ကနေ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေဆီကနေ ဘိန်းဖြူအများဆုံး ဖမ်းဆီးရမိနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up