close

မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ညောင်ပင်စခန်း (ခွဲ) စီးနင်းခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ပြည်သူကာကွယ်ရေးတပ် Black Dragon Special Task Force -Monywa ညောင်ပင်စခန်း (ခွဲ) ကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၇ ရက် မနက် ၆ နာရီလောက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အခုလို စခန်းဝင်စီးနင်းခံရတာဟာ ဒလန်သ‌တင်းပေး တိုင်ကြားတာကြောင့်ဖြစ်တယ်လို့ Black Dragon Special Task Force -Monywa က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက စခန်းကိုဝင်ရောက်စီးနင်းပြီး လူနေအဆောင် ၄ ဆောင်နဲ့  ထုတ်လုပ်ရေးစခန်းတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စခန်းအတွင်းက ဆိုင်ကယ်တွေ၊ ယမ်းအမျိုးမျိုး၊ လက်လုပ်ဘောက်ထိုးတွေ၊ ရှော့ဂမ်းတွေ၊ ၄၀ မမဗုံးသီးပစ်သေနတ်တွေ၊  ရှော့ဒုံးတွေ၊ ၄၀ မမ နဲ့ ၆၀ မမ ဗုံးသီးတွေ၊ ကျည်အမျိုးအစားအစုံနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်းခံခဲ့ရပြီး စုစုပေါင်းကာလတန်ကြေး သိန်း ၂၀၀ ကျော်ဖိုး ဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စခန်းစီးနင်းခံရပေမယ့် ကာကွယ်ရေး‌ရဲဘော်တွေ တဦးတယောက်မှ အထိခိုက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up