အင်္ဂလန်နှင့် ဂျာမနီ ၃ ဂိုးစီသရေကျသည့်ပွဲတွင် ခြေစွမ်းပြခဲ့သည့် မေဆန်မောင့်နှင့် ဆာကာတို့ ချီးကျူးခံရ

ဂျာမနီနဲ့ ပွဲစဉ်မှာ လူစားဝင်ကစားပြီးခြေစွမ်းပြခဲ့ကြတဲ့ အင်္ဂလန်ကစားသမား မေဆန်မောင့်နဲ့ ဆာကာတို့ကို လက်ရွေးစင်ဟောင်း အိုဝင်နဲ့ ဒီဖိုးတို့ကချီးကျူးခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ နေးရှင်းလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဂျာမနီ ကို ဦးဆောင်ဂိုး ၂ ဂိုးပေးခဲ့ရပေမဲ့ ချေပဂိုးတွေအပြင် အနိုင်ဂိုးပါရခဲ့ပြီး ဂိုးသမားနစ်ပုတ်ရဲ့အမှားကြောင့်သာ ၃ ဂိုး စီသရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တာပါ။
အင်္ဂလန်တိုက်စစ်မှူးဟောင်း အိုဝင်ကတော့ အင်္ဂလန်အသင်းဟာ ဒုတိယပိုင်းမှာ ကစားပုံ တိုးတက်လာခဲ့ပြီး လူစားဝင်ကစားသမားတွေဖြစ်တဲ့ မေဆန်မောင့်နဲ့ ဆာကာတို့ ထူးချွန်စွာ ကစားနိုင်ခဲ့ကြောင်း၊စိတ်ပိုင်းဆိုင်ရာအရလည်း အနိုင်မခံအရှုံးမပေးစိတ်ဓာတ်နဲ့ ကစားနိုင်ခဲ့ကြောင်း ချီးကျူးပါတယ်။
တိုက်စစ်မှူးဟောင်း ဂျာမိန်းဒီဖိုးကလည်း အိုဝင်ရဲ့မှတ်ချက်ကိုထောက်ခံခဲ့ပြီး မောင့်နဲ့ ဆာကာတို့ကပွဲကို အလှည့်အပြောင်းဖြစ်စေခဲ့ ကြောင်းပြောပါတယ်။
မေဆန်မောင့်က အနိုင်ဂိုးတစ်ဂိုးသွင်းခဲ့ပြီး ဆာကာဟာလည်း ဂိုးဖန်တီးမှု တစ်ကြိမ်အပြင် လုခ်ရှောရဲ့ သွင်းဂိုးနဲ့ ဟာရီကိန်းရဲ့ ပင်နယ်တီသွင်းဂိုးမှာလည်း ပါဝင်ပတ်သက်ခဲ့တာပါ။
နည်းပြဆောက်ဂိတ်ကတော့ အမှားအယွင်းတွေရှိခဲ့လို့ သုံးဂိုးအထိပေးခဲ့ရပေမဲ့ စိတ်ပိုင်းဆိုင်ရာမှာတော့ ယုံကြည်မှုနဲ့စည်းလုံးမှုတွေ ပြသနိုင်ခဲ့ကြောင်း ပွဲအပြီးမှာ ပြောသွားပါတယ်။