close

ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းချုပ်က မီးလင်းအခေါက်ရွှေ ၁၀ ပိဿာကျော် ရောင်းချပေးမည်

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်း အလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်အရ မီးလင်းအခေါက်ရွှေ ၁၀ ပိဿာကျော်ကို အောက်တိုဘာ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီကနေ ၃ နာရီအတွင်း ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ 

ရွှေလုပ်ငန်းရှင်များအသင်းဝင်ကလွဲရင် မည်သူမဆို ၁ ကျပ်သားကနေ ၁၀ ကျပ်သားအထိ တကြိမ်စီ ဝယ်ယူနိုင်တယ်လို့ ဆိုပါတယ်။ 

ဝယ်ယူချင်သူတွေအနေနဲ့ ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းမှာ မှတ်ပုံတင်မိတ္တူ သန်ခေါင်စာရင်းမိတ္တူနဲ့အတူ လာရောက် ဝယ်ယူနိုင်တယ်လို့ ကြေညာထားပါတယ်။ 

ရွှေလုပ်ငန်းရှင်များ အသင်းဝင်တွေနဲ့ ရွှေကုန်သည်တွေ အနေနဲ့လည်း ရွှေတံဆိပ် အသစ်နဲ့ ရွှေအရောင်းပွဲတော်မှာ ပါဝင်ရောင်းချချင်တယ်ဆိုရင် အသင်းရုံးတည်ရှိရာကို လာရောက် စာရင်းပေးသွင်းကြဖို့ကိုလည်း ဖိတ်ခေါ်ထားပါတယ်။ 

မန္တလေးရွှေလုပ်ငန်းရှင်များအသင်းကလည်း အောက်တိုဘာလ ၇ ရက် မွန်းလွဲပိုင်းက အကယ်ဒမီ(မီးလင်း) အခေါက်ရွှေ တကျပ်သားကို ၂၅ သိန်း ၄ သောင်း သတ်မှတ်ပြီး လူတဦးကို အလေးချိန် တဆယ် ကျပ်သားရှိ အကယ်ဒမီ(မီးလင်း)အခေါက်ရွှေ တပိုင်းနှုန်းနဲ့ ရောင်းချပေးခဲ့ပါတယ်။ 

ရန်ကုန်ရွှေဈေးကွက်မှာ အကယ်ဒမီ(မီးလင်း) ရွှေဈေးက တကျပ်သားကို ကျပ် ၂၇ သိန်းနီးပါး ရှိခဲ့ရာကနေ အောက်တိုဘာ ၇ ရက်က ကျပ် ၂၅ သိန်း ၈ သောင်းအထိ ဈေးကျဆင်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up