close

ကမ္ဘာလုံးဆိုင်ရာ မြန်မာကျောင်းသားသပိတ် ဖော်ဆောင်မည်ဟုကြေညာ

လာမယ့် အောက်တိုဘာ ၁၅ ရက်ကစပြီး ကမ္ဘာလုံးဆိုင်ရာ မြန်မာကျောင်းသားသပိတ် (GLOBAL MYANMAR STUDENTS’ PROTEST) ကို မဟာမိတ်တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းဖော်ဆောင်သွားမယ်လို့ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီက ကြေညာပါတယ်။ 

အောက်တိုဘာ ၁၅ ရက်မှာ ကျရောက်မယ့် ကမ္ဘာ့ကျောင်းသားများနေ့ကို အကြောင်းပြုပြီး အောက်တိုဘာ ၂၃ ရက်အထိ လှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် ဆောင်ရွက်မှာဖြစ်လို့ ကျောင်းသားထုတရပ်လုံး တိုက်ပွဲနည်းနာပုံသဏ္ဌာန်အရပ်ရပ်ကို ကိုင်စွဲပြီး တွန်းလှန်တိုက်ပွဲဝင်ကြဖို့လည်း တပ်လှန့်ထားပါတယ်။ 

ခွပ်ဒေါင်းအလံတော်ဟာ အဆုံးစွန်သော ဖိနှိပ်မှုတွေကြားက ခေတ်အဆက်ဆက် တိုက်ပွဲရှေ့မှာ ဝံ့ကြွားလွှင့်ထူတိုင်ပွဲဝင်ခဲ့ကြသလို ဒီနေ့ အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရာမှာလည်း သွေးစည်းညီညွတ်တဲ့ ကျောင်းသားထုရဲ့ ခွပ်ဒေါင်းသွေး၊ ခွပ်ဒေါင်းမာန်နဲ့ အာဏာရှင်စနစ်ကို မြေမြှုပ်သင်္ဂြိုဟ်နိုင်မယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up