close

ကက်ရ်ှမီးယားသို့ အိန္ဒိယ၀န်ကြီးချုပ် သွားရောက်

အိန္ဒိယ၀န်ကြီးချုပ် နရင်ဒြာမိုဒီဟာ အောက်တိုဘာ ၂၄ ရက်မှာ ဒီပါဝလီပွဲတော်ကို ကျင်းပခဲ့ပြီး ကက်ရ်ှမီးယား ဒေသမှာရှိတဲ့ ပါကစ္စတန်နယ်စပ်နားမှာ တပ်စွဲထားတဲ့ စစ်တပ်တွေကို သွားရောက်ကြည့်ရှုခဲ့ ပါတယ်။

မိုဒီက တပ်ဖွဲ့ဝင်တွေကို မုန့်ချိုတွေ ကျွေးပြီး ကားဂင်ခရိုင်မှာရှိတဲ့ စစ်တပ်ဝန်ထမ်းတွေကို အားပေးနေတဲ့ ဗီဒီယိုဖိုင်ကို အိန္ဒိယရုပ်မြင်သံကြားမှာ ပြသခဲ့ပါတယ်။

၁၉၉၉ ခုနှစ်မှာ ပါကစ္စတန်တပ်တွေဟာ ထိန်းချုပ်ရေးမျဉ်းကိုဖြတ်ကျော်ပြီး အိန္ဒိယပိုင်နက်ကို သိမ်းပိုက်ခဲ့လို့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြား နောက်ဆုံးစစ်ပွဲကို ကားဂင်ခရိုင်မှာ တိုက်ခိုက်ခဲ့ကြပြီး ပါကစ္စတန် စစ်တပ်က ဆုတ်ခွာခဲ့ရ ပါတယ်။ 

ဒီပါဝလီ ပွဲတော်ဟာ ဟိန္ဒူဘာသာရေးပွဲတော်တွေထဲမှာ အကြီးဆုံးပွဲတော် တစ်ခုဖြစ်ပြီး အိန္ဒိယနိုင်ငံ တဝန်းမှာ ကျင်းပလေ့ ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up