close

ကျပ် သိန်း ၆၀၀ အကုန်ကျခံပြီး ဆေးတက္ကသိုလ်တက်ရောက်သူ ၂၇ ဦးရှိ

စစ်ကောင်စီလက်လောက် ဖွင့်လှစ်တဲ့ ဆေးတက္ကသိုလ် (၁) ရန်ကုန်မှာ မိမိအစီအစဉ်နဲ့ ပညာသင်နှစ်ပြီးဆုံးတဲ့အထိ ကျပ်သိန်း ၆၀၀ အကုန်အကျခံတက်ရောက်သူ ၂၇ ဦးရှိတယ်လို့ ဆေးတက္ကသိုလ် (၁) ရန်ကုန်က ကြေညာထားပါတယ်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်တွေနဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေကို လျှောက်ထားကာ ဝင်ခွင့်ရတဲ့ ကျောင်းသားကျောင်းသူတွေကို နိုင်ငံတော်အစီအစဉ်နဲ့ ပညာသင်ကြားခွင့် ဒါမှမဟုတ် မိမိအစီအစဉ်နဲ့ ပညာသင်ကြားခွင့်နည်းလမ်း ၂ ခုရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

နိုင်ငံတော်အစီအစဉ်နဲ့ ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်တွေ တက်ရောက်မယ့်သူတွေကတော့ တက္ကသိုလ်သင်တန်းကြေးအဖြစ် ၁ လကို ကျပ် ၈၀၀ ပေးသွင်းရမှာပါ။ ဘွဲ့ရပြီးပါက နိုင်ငံဝန်ထမ်းအဖြစ် မဖြစ်မနေ ငါးနှစ်တာဝန်ထမ်းဆောင်ရမှာဖြစ်သလို နိုင်ငံဝန်ထမ်းတွေပဲ တက်ခွင့်ရတဲ့ ဘွဲ့လွန်သင်တန်းတွေ တက်ရောက်ခွင့်ရမှာဖြစ်ပြီး နောက်ထပ်ငါးနှစ်တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

မိမိအစီအစဉ်နဲ့ တက်ရောက်မယ့် ကျောင်းသားကျောင်းသူတွေကတော့ ပညာသင်စရိတ်အဖြစ် နိုင်ငံတော်ကို ကျပ်သိန်း ၆၀၀ ပေးသွင်းရမှာဖြစ်ပြီး လတ်တလောအနေနဲ့ နိုင်ငံဝန်ထမ်းအဖြစ် မဖြစ်မနေ တာဝန်ထမ်းဆောင်စရာမလိုတော့သလို ဘွဲ့လွန်သင်တန်းတွေ တက်ရောက်မယ်ဆိုပါကလည်း နိုင်ငံဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရမယ်လို့ ဆိုပါတယ်။

အခုနှစ်မှာတော့ ဆေးတက္ကသိုလ် ၁ ရန်ကုန်ကို ကျောင်းသားကျောင်းသူ ၃၂၅ ဦး ဝင်ခွင့်ရရှိထားပြီး အဲ့ဒီအထဲကမှာ ၂၇ ဦးက ကျပ် သိန်း ၆၀၀ ပေးပြီး မိမိအစီအစဉ်နဲ့ ကျောင်းတက်ရောက်မယ်လို့ ဆေးတက္ကသိုလ် (၁) ရန်ကုန်ကထုတ်ပြန်ထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up