close

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်း အသက်အန္တရာယ် ကင်းပြီဟု လာဟိုးရ်ဆေးရုံပြော

သေနတ်ပစ်ခတ်ခံရလို့ ကုသမှုခံယူနေတဲ့ ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း အင်မရန်ခန်းဟာ အန္တရာယ် ကင်းသွားပြီလို့ လာဟိုးရ်ဆေးရုံအကြီးအကဲက ပြောကြားပါတယ်။ 

ကနဦး စကင်န် ရိုက်ချက်တွေနဲ့ ဓာတ်မှန်ရိုက်ချက်တွေအရ ခန်းရဲ့ ခြေထောက်ထဲက  ကျည်ဆန် အပိုင်းအစတွေကို ပြသခဲ့ကြောင်း သူက သတင်းထောက်တွေကို ပြောပြပါတယ်။

အင်မရန်ခန်းပစ်ခတ်ခံရတဲ့နေရာ ဝါဇီရာဘဒ်မြို့မှာ ဒေသခံတွေဟာ ဆန္ဒပြမှုကို ဆက်လုပ်သင့် မလုပ်သင့် နိုဝင်ဘာ ၄ ရက်မှာ သဘောထားကွဲလွဲခဲ့ကြပါတယ်။ 

အင်မရန်ခန်းဟာ နိုဝင်ဘာ ၃ ရက်က နိုင်ငံအရှေ့ပိုင်းမှာ သူ့ရဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြယာဉ်တန်း တိုက်ခိုက်ခံခဲ့ရလို့ သူ့ရဲ့ညို့သကျည်းကို ကျည်ဆန်ထိမှန်ခဲ့ကာ လာဟိုးရ်မြို့ ဆေးရုံကို ပို့ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ 

သူ့ရဲ့ PTI ပါတီမှ ခေါင်းဆောင်တွေဟာ တရားမျှတမှုကို တောင်းဆိုနေပြီး နိုင်ငံရှိ တချို့နေရာ တွေမှာ လမ်းတွေပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ 

ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း အင်မရန်ခန်းဟာ မြို့တော်အစ္စလာမ်မာဘတ်ကို ချီတက်ဆန္ဒပြနေချိန်အတွင်း ဝါဇီရာဘဒ်မှာ သူ့ကို သေနတ်သမား နှစ်ယောက်က သတ်ဖြတ်ဖို့ကြိုးပမ်းပုံကို နို၀င်ဘာ ၄ ရက်က ထုတ်ဖော်ပြောဆိုပါတယ်။ 

နိုဝင်ဘာ ၃ ရက် တိုက်ခိုက်မှုမှာ လူတစ်ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့ကြောင်း လာဟိုးမြို့ရှိ ဆေးရုံတစ်ရုံမှာ ခြေထောက်ဒဏ်ရာတွေအတွက် ဆေးကုသမှု ခံယူနေတဲ့  ခန်းကက တိုက်ရိုက် မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ 

ဒါ့အပြင် ခန်းဟာ ၀န်ကြီးချုပ် ရှီဘ်ဇ်ရှာရစ်ဖ်၊ ပြည်ထဲရေးဝန်ကြီး ရာနာဆာနာအူလာနဲ့ ထောက်လှမ်းရေးအရာရှိ ဗိုလ်ချုပ် ဖိုင်ဆဲလ်နာဆာတို့ကို တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်နေ တယ်လို့ နာမည်တပ် ပြောကြားခဲ့ပေမယ့် သူ့ရဲ့အခိုင်အမာ စွပ်စွဲချက်အတွက် ဘာအထောက် အထားမှ သက်သေမပြခဲ့ပါဘူး။ 

ပြည်ထဲရေးဝန်ကြီး ဆာနာအူလာက  စွပ်စွဲချက်ကို ပယ်ချခဲ့ပြီး ဝန်ကြီးချုပ် ရှာရစ်ဖ် ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရက လွတ်လပ်တဲ့ စွမ်းအားမြင့် စုံစမ်းစစ်ဆေးရေးပြုလုပ်ဖို့ တောင်းဆိုခဲ့သလို အဲဒီပစ်ခတ်မှုကို ရှုတ်ချခဲ့ပြီး ချက်ချင်း စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးခဲ့ပါတယ်။

ပါကစ္စတန်မှာ တင်းမာမှုတွေ မြင့်မားနေဆဲဖြစ်ပြီး ခန်းရဲ့ ရဲ့PTI ပါတီက နိုဝင်ဘာ ၄ ရက်မှာ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေကို ကျင်းပမယ်လို့ ပြောပါတယ်။

ထောက်ခံသူတွေဟာ သူတို့ရဲ့ ခေါင်းဆောင် တိုက်ခိုက်ခံရမှုကို ဆန့်ကျင်တဲ့အနေနဲ့ ဝါဇီရာဘဒ်မှာ  လမ်းမတွေပေါ် နို၀င်ဘာ ၄ ရက်မှာ စုဝေးခဲ့ကြပါတယ်။ ဒေသခံတွေကတော့ လမ်းဘေးက သတင်းစာစောင် ရောင်းတဲ့ ဆိုင်တွေမှာ စုဝေးပြီး ခန်းကို “နိုင်ငံ့သူရဲကောင်း” လို့ ခေါ်ဆိုပြီး တိုက်ခိုက်မှုကို ရှုတ်ချခဲ့ကြပါတယ်။ 

ပန်ဂျပ်ပြည်နယ်ဝန်ကြီးချုပ် ပါဗေ့ဗ်အလာဟီက ဝန်ကြီးချုပ်ဟောင်း ခန်း ပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ပူးတွဲစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းထားကြောင်း နိုဝင်ဘာ ၃ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up