ပြိုင်ပွဲတာဝန်ရှိသူကို တံတောင်ဖြင့်ရိုက်ခဲ့တဲ့ ဟီမင်နက်ဇ် ၁၅ ပွဲ ပွဲပယ်ချမှတ်ခံရနိုင်

ဂါနာအသင်းနဲ့ ပွဲစဉ်မှာ ပြိုင်ပွဲတာဝန်ရှိသူတစ်ဦးကို တံတောင်နဲ့ရိုက်ခဲ့တဲ့ ဥရုဂွေးနောက်ခံလူ ဟီ မင်နက်ဇ်ဟာ ၁၅ ပွဲအထိ ပယ်ပြစ်ဒဏ် အရေးယူခံရနိုင်တယ်လို့သိရပါတယ်။
အဲဒီပွဲစဉ်မှာ ဥရုဂွေးက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် ရဂိုးစည်းမျဉ်းအရ အုပ်စုအဆင့်ကနေထွက်ခဲ့ရတာပါ။
ပွဲအပြီးမှာတော့ ပွဲချိန်အတွင်းမှာ ပင်နယ်တီမပေးခဲ့တဲ့ ဒိုင်လူကြီးကို ဥရုဂွေးကစားသမားတွေက ဒေါသတကြီး တွန်းထိုးပြီး စောဒကတက်ခဲ့ကြတာပါ။
အဲဒီထဲမှာ နောက်ခံလူ ဟီမင်နက်ဇ်ကတော့ ဖီဖာက ပြိုင်ပွဲကျင်းပရေးဒါရိုက်တာရဲ့ ဦးခေါင်းအနောက်ဘက်ကို တံတောက်နဲ့ရိုက်ခဲ့ပြီး ရုပ်သံပြကွက်တွေမှာ ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပါတယ်။
ဟီမင်နက်ဇ်ဟာ ဒိုင်တွေကို သူခိုးတွေလို့လည်း အော်ဟစ်ခဲ့သလို ရုန့်ရင်းကြမ်းတမ်းစွာလည်း ဆဲဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီအပေါ်မှာ ဖီဖာက စွဲချက်တင်တော့မှာဖြစ်ပြီး ဟီမင်နက်ဇ်အနေနဲ့ ၁၅ပွဲ ပြစ်ဒဏ်အထိချမှတ်ခံရဖို့ရှိတာပါ။
အလားတူ VAR တီဗီမော်နီတာကို ရိုက်လှဲခဲ့တဲ့ တိုက်စစ်မှူးကာဗာနီဟာလည်း အရေးယူခံရဖို့ ရှိနေပါတယ်။