close

တောင်ကိုရီးယားလွှတ်တော်အနီး အလုပ်သမား ထောင်ချီဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံး အလုပ်သမားသမဂ္ဂမှ ထောင်နဲ့ချီတဲ့ အလုပ်သမားတွေဟာ ထရပ်ကားသမားတွေရဲ့ သပိတ်မှောက်မှုကို ထောက်ခံတဲ့အနေနဲ့ ဆိုးလ်မြို့ရှိ အမျိုးသား လွှတ်တော်အနီးမှာ ဒီဇင်ဘာ ၃ ရက်က ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ကုန်တင်ကားမောင်းသမားတွေ အပါအဝင် အလုပ်သမား ၅၀၀၀ လောက်ဟာ အစိုးရရဲ့ အလုပ်သမား မူဝါဒကို ကန့်ကွက်ဖို့ ရောက်လာကြတယ်လို့ ကိုရီးယား အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (KCTU) က ပြောပါတယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ ကုန်တင်ကားမောင်းသမားပေါင်း ၂၀၀၀၀ ကျော် သပိတ်မှောက်မှုဟာ စနေနေ့မှာ ၁၀ ရက်မြောက်နေ့ ဖြစ်လာပြီး အစိုးရက သူတို့တွေကို အလုပ်ပြန်ဆင်းခိုင်းခဲ့ပေမဲ့ အလုပ်သမားတွေက သပိတ်ဆက်မှောက်နေတာကြောင့် နိုင်ငံရဲ့ ထောက်ပံ့ရေး ကွင်းဆက်ကို အနှောင့်အယှက် ဖြစ်သွားရပါတယ်။

ကုန်တင်ယောဉ်မောင်းတွေရဲ့ သပိတ်မှောက်မှုကြောင့် သင်္ဘောတင်ပို့မှု ခန့်မှန်းခြေ ဒေါ်လာ ၁ ဒသမ ၂၃ ဘီလီယံ ဖိုး ဆုံးရှုံးသွားကြောင်း စက်မှုဝန်ကြီးဌာနက ဒီဇင်ဘာ ၁ ရက်မှာ ပြောပါတယ်။ 

“စီးပွားရေးအပေါ် သက်ရောက်မှုတွေက အရမ်းပြင်းထန်တာကြောင့် သပိတ်တိုက်ပွဲကို ရပ်တန့်ပြီး အလုပ်ပြန်လုပ်ကြဖို့ ညွှန်ကြားထားပါတယ်”လို့ ကိုရီးယား အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် KCTU မှ ပြောရေးဆိုခွင့်ရှိသူ ဟန်ဆန်းဂျင်က ပြောပါတယ်။

ဒါပေမဲ့ ပြောင်းပြန်တွေးကြည့်ရင် ထရပ်ကားသမားတွေဟာ နိုင်ငံတော်ရဲ့ စီးပွားရေးအပေါ် လွှမ်းမိုးမှု ကြီးမားပေမယ့် လုံလောက်တဲ့ အခကြေးငွေ မရရှိဘူးလို့ ဆိုလိုတာဖြစ်ကြောင်း သူက ပြောပါတယ်။

အစိုးရကတော့ ထရပ်ကားသမားတွေအတွက် အနည်းဆုံးအခကြေးငွေစနစ်ကို နောက်ထပ် ၃ နှစ် အတွင်း ထပ်တိုးဖို့ မရှိကြောင်း ပြောကြားထားပြီး သမဂ္ဂကလည်း အနည်းဆုံးအခကြေးငွေစနစ်ကို အမြဲတမ်းထားရှိသင့်ကာ အခုထက် နယ်ပယ် ပိုကျယ်သင့်တယ်လို့ ဆိုထားပါတယ်။

အလုပ်တွေ ပြန်စလုပ်ဖို့ အမိန့်ထုတ်ပြန်ချက် ထွက်ရှိပြီးနောက် လမ်းပေါ်ပြန်တက် အလုပ်လုပ်ဖို့ ငြင်းဆန်တဲ့ ကုန်တင်ကားမောင်းသမားတွေဟာ ဒဏ်ငွေ၊ ထောင်ဒဏ် သို့မဟုတ် သူတို့ရဲ့လိုင်စင်တွေ ဆုံးရှုံးနိုင်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up