ဂျရူးနှင့် အယ်ဗာရက်ဇ်တို့ မထင်မှတ်ဘဲ သူရဲကောင်းများဖြစ်လာနိုင်ဟု ဝင်းဂါးသုံးသပ်

ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်တိုက်စစ်မှူး ဂျရူးနဲ့ အာဂျင်တီးနား တိုက်စစ်မှူး အယ်ဗာရက်ဇ်တို့ မထင်မှတ်ဘဲ သူရဲကောင်းတွေဖြစ်လာနိုင်ကြောင်း နည်းပြဟောင်း အာဆင်ဝင်းဂါးက ပြောပါတယ်။
ဗိုလ်လုပွဲစဉ်မှာ မက်ဆီနဲ့ အမ်ဘာပေတို့ရဲ့ အားပြိုင်ကြမယ့် ပွဲစဉ်လို့ လူအများစုကလက်ခံထားကြ ပေမယ့် ဖိအားဒဏ်တွေကြောင့် အဲဒီကစားသမား ၂ ဦးစလုံး ခြေစွမ်းပြဖို့ ရုန်းကန်ရနိုင်ကြောင်း ဝင်းဂါးက ဆိုပါတယ်။
အဲဒီအခြေအနေမှာ အရေးပါဆုံးကစားသမားတွေက တိုက်စစ်မှူးဂျရူးနဲ့ အယ်ဗာရက်ဇ် တို့ ဖြစ်လာနိုင်ပြီး သူတို့နှစ်ဦးဟာ ပြိုင်ပွဲမစခင်က ဒီလိုခြေစွမ်းပြနိုင်မယ်လို့ ဘယ်သူကမှ ထင်မှတ်မထားကြောင်း ဝင်းဂါးက ပြောပါတယ်။
ပြင်သစ်တိုက်စစ်မှူး အီလီဗီယာဂျရူးဟာ သွင်းဂိုး ၄ ဂိုး ရရှိထားသလို အာဂျင်တီးနားတိုက်စစ်မှူး အယ်ဗာရက်ဇ်ကလည်း ၄ ဂိုး သွင်းယူထားပါတယ်။