အာဖရိကသမဂ္ဂထိပ်သီးအစည်းအဝေးမှ အစ္စရေးသံတမန်ကို ဖယ်ရှား

အစ္စရေးကို အသိအမှတ်ပြုမှုနဲ့ ပတ်သက်ပြီး အငြင်းပွားမှု ပြင်းထန်လာခဲ့လို့ အီသီယိုးပီးယားနိုင်ငံမှာ ကျင်းပတဲ့ အာဖရိကသမဂ္ဂရဲ့ နှစ်ပတ်လည် ထိပ်သီး အစည်းအဝေးကနေ အစ္စရေးအကြီးတန်း သံတမန်တစ်ဦးကို ဖေဖော်ဝါရီ ၁၈ ရက်မှာ ဖယ်ရှားခဲ့ပါတယ်။
အွန်လိုင်းမှာ တင်ထားတဲ့ ဓာတ်ပုံတွေထဲမှာ AU လုံခြုံရေး ဝန်ထမ်းတွေက ထိပ်သီးအစည်းအဝေး ဖွင့်ပွဲ အခမ်းအနားအတွင်း အစ္စရေးသံတမန်နဲ့ တွေ့ဆုံပြီး ခန်းမထဲကနေ ထွက်သွားတာကို ပြထားပါတယ်။
ဒါပေမဲ့ အစ္စရေးသံအမတ်ကြီး ရှာရွန်ဘာလီကို မှားယွင်း ဖိတ်ကြား အသိအမှတ်ပြုခဲ့တယ်လို့ အာဖရိကသမဂ္ဂကော်မရှင် ဥက္ကဋ္ဌ မူဆာ ဖှာကီ မဟာမတ်က မီဒီယာတွေကို ပြောခဲ့ပါတယ်။
"ကျနော်တို့ ဘယ်အစ္စရေး အာဏာပိုင်တွေကိုမှ ဖိတ်ကြားထားတာ မရှိပါဘူး၊ အမှားအယွင်း ဘယ်ကလာလဲဆိုတာ သိနိုင်ဖို့ ဒီစုံစမ်းစစ်ဆေးမှုကို အပြည့်အဝ တွန်းအားပေးသွားမယ်။”
ဝင်ပေါက်တံဆိပ်တွေနဲ့ အသိအမှတ်ပြု လေ့လာသူအဖြစ် အသိအမှတ်ပြုခံရပေမယ့် အာဖရိကဆိုင်ရာ အစ္စရေးလက်ထောက်ညွှန်ကြားရေးမှူး ရှာရွန်ဘာလီကို အာဖရိကသမဂ္ဂ ခန်းမကနေ ဖယ်ရှားခံရတဲ့ ဖြစ်ရပ်အပေါ် အစ္စရေးက ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
တောင်အာဖရိကသံရုံးကလည်း သံအမတ်ကို ပြစ်တင် ရှုတ်ချဖို့ဆင့်ခေါ်မယ်လို့လည်း ပြောခဲ့ပါတယ်။