close

ဂျာမနီနှင့် အမေရိကန်နည်းပြဟောင်း ကလင်းစ်မန်းကို တောင်ကိုရီးယားအသင်းခေါ်ယူ ခန့်အပ်

တောင်ကိုရီးယားအသင်းဟာ ဂျာမနီနဲ့ အမေရိကန် အသင်းနည်းပြဟောင်း ကလင်းစ်မန်းကို နည်းပြချုပ် အဖြစ်တာဝန်ပေးခန့်အပ်လိုက်ပါတယ်။

အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ ဂျာမန်လက်ရွေးစင်ဟောင်းဟာ  ကစားသမားဘဝက ၁၉၉၀ ကမ္ဘာ့ဖလားမှာ ဂျာမနီနဲ့အတူ ချန်ပီယံဖြစ်ခဲ့သူပါ။

တောင်ကိုရီးယားအသင်းဟာ ကလင်းစ်မန်းကို သုံးနှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၂၆ခု နှစ်ကမ္ဘာ့ဖလားအထိတာဝန် ပေးခဲ့တာလို့သိရပါတယ်။

ဂူဟင့်ဒစ်ခ်နဲ့ ပေါ်လိုဘင်တိုတို့လို နာမည်ကြီးနည်းပြတွေတာဝန်ယူခဲ့တဲ့ ကိုရီးယားအသင်းကို ကိုင်တွယ်ခွင့်ရမှာက ဂုဏ်ယူစရာဖြစ်ကြောင်း၊ ကိုရီးယားဘောလုံးလောကဟာ တိုးတက်လာနေတာ ကြာပြီဖြစ်ကြောင်း၊ အာရှဖလားနဲ့ ကမ္ဘာ့ဖလားတွေမှာ အကောင်းဆုံး ရလဒ် ရရှိဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း ကလင်းစ်မန်းက ပြောပါတယ်။

သူဟာ ဘိုင်ယန်မြူးနစ်နဲ့ ဟာသာ ဘာလင်အသင်းတွေကိုလည်း တာဝန်ယူခဲ့ဖူးပြီး ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ် နည်းပြလောကထဲ ပြန်ရောက်လာခဲ့သူဖြစ်ပါတယ်။

Up