ကိုရီးယားသရုပ်ဆောင် ကင်ဆိုဟွန်းနှင့် ဆုန်းဂျီဟို စံပြအခွန်ထမ်းဆု ရရှိ

တောင်ကိုရီးယားနိုင်ငံမှာ ၅၇ နှစ်မြောက် အခွန်ဝန်ထမ်းနေ့ကို မတ်လ ၃ ရက်က ကျင်းပခဲ့ပြီး သမ္မတ ယွန်းဆွတ်ခ်ယိုးက “KBS” ဖွင့်လှစ်တဲ့အခမ်းအနား တက်ရောက်ဖို့နဲ့ လူထုဆက်ဆံရေး သံတမန် စံပြအခွန်ထမ်းအဖြစ် ကင်ဆိုဟွန်းနဲ့ ဆုန်းဂျီဟိုတို့ကို ရွေးချယ်ခန့်အပ်လိုက်ပါတယ်။
အခွန်တွေကို နှစ်စဉ် မပျက်မကွက် ပေးဆောင်ရတာဖြစ်ပြီး ၃ နှစ်အတွင်း ပေးဆောင်မှုအခွန် ဝမ် ၅ သန်း (ဒေါ်လာ ၃,၈၄၀ ခန့်) အထက် ကျော်လွန်ပြီး ပေးဆောင်ထားတဲ့သူတွေသာ စံပြအခွန်ထမ်းဆု ရရှိတာဖြစ်ပြီး ၂၀၂၂ ခုနှစ် စံပြအခွန်ထမ်းဆုကိုတော့ လီဆောင်းဂီနဲ့ ဂျိုဘိုအာတို့က ရရှိခဲ့ပါတယ်။
၅၇ နှစ်မြောက် အခွန်ထမ်းနေ့မှာ နိုင်ငံတော်အခွန်ဦးစီးဌာနက နိုင်ငံတဝန်းက စံပြအခွန်ထမ်းဆု ချီးမြှင့်ခံရသူ ၁,၀၃၅ ဦးထံ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး “ရိုးသားစွာ အခွန်ပေး ခိုင်မာတဲ့ ဘဏ္ဍာရေး” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့တယ်လို့ KIBZoom ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
သမ္မတ ယွန်းက ၅၃ နှစ်အတွင်း ပထမဆုံးအကြိမ် အခမ်းအနားတက်ရောက်ခဲ့တာဖြစ်ပြီး အခွန်ထမ်းဆောင်မှုမှာ ပြည်သူတွေ တက်ကြွစွာပါဝင်မှုကို အားပေးဖို့နဲ့ အခွန်ပေးဆောင်တဲ့ ယဉ်ကျေးမှု ဖြန့်ကျက်မြှင့်တင်ရေး လှုပ်ရှားမှုတွေ ပါဝင်တယ်လို့ သိရပါတယ်။