close

ဘဏ်အကောင့်ပိုင်ရှင်များကို မျက်နှာစကင်န်ဖတ်စနစ် စတင်မည်ဟု ထိုင်းဗဟိုဘဏ်ထုတ်ပြန်

ထိုင်းနိုင်ငံထဲမှာ  ဆိုက်ဘာလိမ်လည်မှုတွေ ပြီးခဲ့တဲ့နှစ်က ပိုမိုများလာတဲ့အတွက် ထိုင်းဗဟိုဘဏ်ကနေ နိုင်ငံအတွင်းက ဘဏ်အားလုံးကို မိုဘိုင်းဘဏ်အကောင့်မူဝါဒသစ်တွေ ချမှတ်ပေးကာ အကောင့်ပိုင်ရှင်တွေက ငွေပမာဏ ဘတ် ၅၀,၀၀၀ အထက် လွှဲရင် Biometric scans) မဖြစ်မနေ လုပ်ရတော့မယ်လို့သိရပါတယ်။

နိုင်ငံတွင်းက မိုဘိုင်းဘဏ်အကောင့်ဖွင့်ကတည်းက ထည့်သွင်းပြီး ငွေလွှဲ၊ ငွေချေး၊ ငွေလက်ခံမှုတိုင်းကို မျက်နှာဇီ၀ထောက်ခံချက် စကင်န်ဖတ်မှု (biometric scans)လုပ်ဆောင်မှ ငွေလွှဲနိုင်တော့မယ့် စနစ်သစ်ကို မိတ်ဆက်လုပ်ဆောင်တော့မှာဖြစ်တယ်လို့ ထိုင်းဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ဆီသာပတ်ဆူတီဝပ်တနာရူးပတ်က မတ် ၉ ရက်မှာ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ မိုဘိုင်းဘဏ်အကောင့်ရှိပြီးသားသူတွေက​တော့ သတ်မှတ်ထားတဲ့ အဆင့်မြှင့်တင်မှုတွေကို လုပ်ဆောင်ထားရမှာဖြစ်ပြီးတော့ Device တစ်ခုမှာ မိုဘိုင်းဘဏ်အကောင့် တစ်ကောင့်သာ ဖွင့်ခွင့်ရှိပြီး တခြားသူနာမည်နဲ့ အကောင့်ခွဲတွေလုပ်ဆောင်တာတွေကို ကန့်သတ်တဲ့ စည်းမျဉ်းလည်း ချမှတ်တော့မှာပါ။ နိုင်ငံတစ်ဝန်းအစိုးရဘဏ်တွေအပြင် ပုဂ္ဂလိကဘဏ် အားလုံးကို အခုသတ်မှတ်တဲ့ စနစ်သစ်၊ နည်းပညာသစ်ကို ဇွန်လမှာ မဖြစ်မနေ စတင်ကျင့်သုံးရမယ်လို့ ရူးပတ်က ဖော်ပြထားပါတယ်။

ထိုင်းဗဟိုဘဏ်က မိုဘိုင်းဘဏ်အကောင့်တွေမှာ ဘတ် ၅၀,၀၀၀ နဲ့အထက် ဒစ်ဂျစ်တယ် ငွေကြေးလွှဲပြောင်းခြင်း ၊တစ်နေ့ ဘတ်၂ သိန်းနဲ့အထက်ငွေလွှဲခြင်းတွေကို မျက်နှာစကင်န်ဖတ်မှု လုပ်ဆောင်မှသာလျှင် ထုတ်ပေးဖို့ စီစဉ်ထားကြောင်း၊ အစပိုင်းမှာတော့ လုပ်ဆောင်မှုတွေမှာ အခက်အခဲရှိနိုင်ပေမယ့် ငွေကြေးလိမ်လည်မှုတွေဟာ ဒီစနစ်ဟာနောက်ပိုင်း သုံးစွဲသူတွေအတွက် အလိမ်ခံရမှုပပျောက်သွားနိုင်မယ်လို့ ရူးပတ်က ထပ်မံပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံထဲမှာ ပြီးခဲ့တဲ့နှစ်အတွင်း ဒစ်ဂျစ်တယ်ငွေကြေးသုံးဘဏ်အကောင့်တွေကနေ ငွေကြေး လိမ်လည်မှု ၅၀၀၀၀၊ ငွေလွှဲခြင်းကနေ လိမ်လည်မှု ၂၀၀၀၀၊ ငွေချေးယူမှုကနေ အမှု ၁၈၀၀၀ နဲ့ Call Center ကနေ လိမ်လည်မှု ၁၃၀၀၀ အထိရှိခဲ့ပြီး အကောင့်ခွဲ၊ အကောင့်တုတွေကနေ လိမ်လည်မှု  ၅၈၀၀၀ ကနေ ငွေကြေးဘတ် ၅ ဘီလီယံခွဲအထိ လိမ်လည်ခံရမှု ဖြစ်ပွားခဲ့တာဖြစ်တဲ့အတွက် ဒီလိုလုပ်ဆောင်ခဲ့ရတာလို့လတ်တလောသိရပါတယ်။

Up