close

လန်ဒန်ပြတိုက် ပိတ်ထားရ

ဗြိတိန်မြို့တော်လန်ဒန်က ပြတိုက်ဝန်ထမ်းတွေ သပိတ်မှောက်နေလို့  ဧပြီ ၇ က ပြတိုက်ကို ပိတ်ထားခဲ့ ရပါတယ်။

ငွေကြေးဖောင်းပွမှု ဖိအားတွေကြောင့် နေထိုင်စရိတ် အကြပ်ရိုက်နေတဲ့ကြားက လုပ်ခလစာ သင့်တင့်အောင်ရဖို့ သီတင်းပတ် တပတ်ကြာအောင် လုပ်သားတွေက သပိတ်မှောက်နေတာပါ။

ငွေကြေး ဖောင်းပွနှုန်း တိုးလာတာနဲ့အညီ လခတိုးမြှင့်ပေးဖို့ တောင်းဆိုရေးအတွက် ပြည်သူပိုင်နဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ဆောင်မှုသမဂ္ဂ (PCS) က ဒီသပိတ်ကို စီစဉ်ခဲ့ပါတယ်။

ဗြိတိန်ပြတိုက် ဝန်ထမ်းတွေဟာ အီစတာ အားလပ်ရက်ကာလ ဧပြီ ၆ ရက်ကနေ ၁၂ရက် အထိ ၇ရက်ကြာ သပိတ်မှောက်မယ်လို့ ပြတိုက်ရဲ့ တရားဝင် အင်တာနက် စာမျက်နှာမှာ ကြေညာထားပါတယ်။

တဘဝတခါ ယဉ်ကျေးမှုအခြေပြု ခရီးစဉ်အတွက် ပြည်တွင်း ပြည်ပက လာကြမယ့် ခရီးသည် တွေက ဒီသပိတ်ကို စိတ်ပျက်ခဲ့ ကြပါတယ်။

ဗြိတိန်ရဲ့ စားသုံးသူ စျေးနှုန်းညွှန်းကိန်း (CPI) ဟာ ဖေဖော်ဝါရီမှာ စျေးကွက် မျှော်လင့်ချက်ကို ကျော်လွန်ပြီး တနှစ်ထက် တနှစ် ၁၀ ဒသမ ၄ ရာခိုင်နှုန်းထိ တိုးမြင့်ခဲ့တယ်လို့ အမျိုးသား စာရင်းအင်းရုံးက ဆိုပါတယ်။

ငွေကြေးဖောင်းပွမှု မြင့်တက် လာလို့ ပြည်သူ့ဝင်ငွေတွေ တန်ဖိုးကျဆင်းပြီး လူနေမှု စရိတ် မြင့်တက်လာစေခဲ့ပါတယ်။

Up