close

Guardians of the Galaxy Vol.3 ရုပ်ရှင် ဝင်ငွေ ဒေါ်လာ ၂၈၉ သန်းကျော် ရရှိနေ

Guardians of the Galaxy Vol.3 ရုပ်ရှင်ဟာ နိုင်ငံတကာရုပ်ရှင်ရုံမှတ်တမ်းမှာ ဒေါ်လာ သန်း ၁၇၀ ကျော်ရရှိထားပြီး တကမ္ဘာလုံးမှာတော့ ဒေါ်လာ ၂၈၉ သန်းကျော် ရရှိထားပါတယ်။

မြောက်အမေရိက‌မှာတော့ ရုံတင်ဖွင့်ပွဲမှာ ဒေါ်လာ ၁၁၄ သန်း ရရှိထားပြီး စူပါ မာရီယို ဘရိုစ် ရုပ်ရှင်ပြီးတဲ့နောက် ပြည်တွင်းမှာ ဒုတိယအများဆုံး ရုပ်ရှင်အဖွင့်ဝင်ငွေပဲ ဖြစ်ပါတယ်။

Vol.3 ဟာ တရုတ်နိုင်ငံမှာ ဒေါ်လာ ၂၈ ဒသမ ၁ သန်း၊ ဗြိတိန်မှာ ဒေါ်လာ ၁၄ ဒသမ ၇ သန်း၊ ကိုရီးယားမှာ ဒေါ်လာ ၁၃ ဒသမ ၆ သန်း၊ မက္ကဆီကိုမှာ ဒေါ်လာ ၁၃ သန်းနဲ့ ပြင်သစ်မှာ ဒေါ်လာ ၈ ဒသမ ၂ သန်း အသီးသီးရရှိထားပါတယ်။

နောက်ဆုံးထွက်ရှိထားတဲ့ မာဗယ်ရုပ်ရှင်တွေထဲမှာ ၃၂ ခုမြောက် ရုပ်ရှင်ဖြစ်တဲ့ Guardian of the Galaxy Vol.3 ဟာ ကမ္ဘာလုံးဆိုင်ရာ ရောင်းချမှု ဒေါ်လာ ၂၅ သန်းနဲ့ Imax မှာလည်း ရေပန်းစားနေပါတယ်။

“ပရိသတ်တွေရဲ့ ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေက ရုပ်ရှင်ရုံမှတ်တမ်းမှာ ရေရှည်အောင်မြင်တဲ့ ပြိုင်ပွဲတခုဖြစ်လာဖို့ မျှော်လင့်ပါတယ်” လို့ Imax စီးအီးအို ရစ်ခ်ျ ဂယ်လ်ဖို့ဒ်က ပြောပါတယ်။

ကြည့်ရှုပြီးသူတွေနဲ့ ဝေဖန်ရေးသမားတွေရဲ့ မှတ်ချက်တွေအရ Vol.3 ဟာ Guardians of the Galaxy ရဲ့ အပိတ်ရုပ်ရှင်တကားပီသစွာ ပြည့်စုံကောင်းမွန်သလို စိတ်ခံစားချက်ကို ကိုင်လှုပ်နိုင်တဲ့ ပြကွက်တွေလည်း အပြည့်အဝ ပါဝင်နေတယ်လို့ သိရပါတယ်။

ကမ္ဘာလုံးဆိုင်ရာ လက်မှတ်ရောင်းချမှု မှတ်တမ်းအရ ပထမဆုံး Guardian of the Galaxy ဇာတ်ကားဟာ နိုင်ငံတကာမှာ ဒေါ်လာ ၄၃၉ သန်းနဲ့ တကမ္ဘာလုံးမှာ ဒေါ်လာ ၇၇၃ သန်း ရရှိခဲ့ပြီး နောက်ဆက်တွဲ ဇာတ်ကားကတော့ နိုင်ငံတကာမှာ ဒေါ်လာ ၄၇၃ သန်းနဲ့ တကမ္ဘာလုံးမှာတော့ ဒေါ်လာ ၈၆၃ သန်း ရရှိခဲ့ပါတယ်။

Source - Variety

Up