အေစီမီလန်ကွင်းလယ်လူ ကက်ဆီးကို ခေါ်ယူဖို့ ဘာစီလိုနာအသင်း သဘောတူညီမှု ရခဲ့ပြီလို့ စပိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
လာမယ့်နွေရာသီမှာ အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကက်ဆီးဟာ အသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီးနောက် ဥရောပကလပ်အသင်းကြီးတွေက သူ့ကိုခေါ်ဖို့ ပစ်မှတ်ထားခဲ့ကြပြီး ဘာစီလိုနာအသင်းက လက်ဦးမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်
၂၀၁၇ ခုနှစ်က အတ္တလန္တာအသင်းကနေ အေစီမီလန်အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ကက်ဆီးဟာ အေစီမီလန်အသင်းအတွက် ၅ ရာသီအတွင်း ပြိုင်ပွဲစုံ ၂၁၄ ပွဲကစားကာ ၃၈ ဂိုး သွင်းယူပေးထားပြီး ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်။
ကက်ဆီးဟာ ဘာစီလိုနာနဲ့ ၅ နှစ်သက်တမ်းရှိ စာချုပ် ချုပ်ဆိုမှာဖြစ်ပြီး ဆုကြေးငွေတွေ အပါအဝင် တနှစ်လစာငွေ ယူရို ၆ ဒသမ ၅ သန်း ရရှိမှာဖြစ်ပါတယ်။