စစ်ဘေးဒဏ်ခံနေရတဲ့ ယူကရိန်းမှာ ကက်သလစ် ဘာသာဝင်တွေဟာ ဧပြီ ၁၆ ရက်နေ့က ကီယက်ဗ်မြိုု့မှာ အီစတာပွဲတော် ဆုတောင်းပွဲကို ပြုလုပ်ခဲ့ကြပါတယ်။
၁ လခွဲကြာမြင့်နေပြီးဖြစ်တဲ့ စစ်ဘေးကြီးကနေ လွတ်မြောက်စေရေးအတွက် ဆုတောင်းကြ ပါတယ်။
ရုရှားဘက်က ကီးယက်ဗ်မြို့ကို ဦးတည်တိုက်ခိုက်နေတဲ့ကြားက ခရစ်ယာန် ဘာသာဝင်တွေဟာ ရိုမန်ကက်သလစ် ဘုရားကျောင်းမှာ စုရုံးခဲ့ကြတာပါ။
ကီယက်ဗ်မြို့မှာ အီစတာ ဆုတောင်းပွဲကို ပုံမှန်အားဖြင့် ဒေသစံတော်ချိန် ည ၉ နာရီချိန်မှာ ကျင်းပလေ့ရှိပေမယ့် ဒီနှစ်မှာတော့ ည ၈ နာရီကနေ မနက် ၇ နာရီကြား ညမထွက်ရ ကာဖြူးအမိန့် ထုတ်ပြန်ထားတာကြောင့် အီစတာ ဆုတောင်းပွဲကို ညနေ ၄ နာရီမှာစောပြီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ဖြစ်နေတဲ့အချိန်မျိုးမှာ ဘုရားကျောင်းတက်ခွင့်ရတာဟာ အရင်ထက် ပိုပြီးထူးခြားတယ်လို့ အသက် ၅၆ နှစ်အရွယ် ကက်သလစ် ဘာသာဝင်တယောက်က ပြောပါတယ်။
ခရစ်တော် ရှင်ပြန်ထမြောက်ခဲ့သလို၊ ဒီမြို့ဟာာလည်း ရှင်ပြန်ထမြောက်လာလိမ့်မယ်။ စစ်ကြီး ပြီးဆုံးပြီး အရာရာ အရင်ထက် ပိုကောင်းလာဖို့ မျှော်လင့်တယ်လို့လည်း ပြောပါတယ်။
ဧပြီ ၁၆ ရက်နေ့မှာ ရုရှားဘက်က အဝေးပစ်ဒုံးလက်နက်တွေကို သုံးပြီး ကီယက်ဗ်မြို့ အပါအဝင် ယူကရိန်းမြို့တွေကို တိုက်ခိုက်လာပါတယ်။
နောက်ထပ် တိုက်ခိုက်မှုတွေကို တိုးလုပ်မယ်လို့လည်း ရုရှားက ဧပြီ ၁၅ ရက်က ကြေညာထားပါတယ်။