close

ကချင်စစ်ရှောင်ပြည်သူများ

close

December 23, 2021

၁၀ နှစ်ကြာ အိမ်မပြန်နိုင်သေးတဲ့ ကချင်စစ်ရှောင်ပြည်သူများရဲ့ ခရစ္စမတ် (ဓာတ်ပုံ)

ဒီဇင်ဘာလ ရောက်တိုင်း ခရစ်တော် မွေးဖွားတဲ့ ခရစ္စမတ်ကာလဟာ နှစ်စဉ်နှစ်တိုင်းရောက်လာပေမဲ့ စစ်ရှောင်စခန်းမှာနေထိုင်တဲ့ ပြည်သူတွေရဲ့ နေရပ်ပြန်ချိန်ကတော့ အခုချိန်ထိရောက်မလာသေးပါဘူး။

ကချင်ပြည်နယ်က စစ်ရှောင်ပြည်သူ အများစုဟာ အခုလိုမျိုး ခရစ္စမတ်ကာလကို စစ်ရှောင်စခန်းထဲမှာ နေထိုင်ရင်း ဖြတ်သန်းလာတာ ဆယ်စုနှစ်တခုကျော် ရှိလာပါပြီ။

ခရစ်ယာန်ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ခရစ္စမတ်ပွဲတော်ကို စစ်ရှောင်ပြည်သူတွေက နေရပ်ပြန်ပြီးမိမိတို့ရဲ့ နေရပ်ဒေသ ကျေးရွာတွေမှာ မိတ်ဆွေ၊သူငယ်ချင်း အပေါင်းအသင်းတွေနဲ့အတူ နွေးနွေးထွေးထွေး ကျင်းပချင်ပေမဲ့ လက်ရှိအခြေအနေမှာတော့ နေရပ်ပြန်နိုင်ဖို့ အိပ်မက်တွေက အလှမ်းဝေးနေဆဲပါ။

12 hours Ago
Up